Monthly Archives: Jan 2023

ကမ္ဘာ့စီးပွားရေးကျဆင်းမှု မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုမရှိနိုင်ဟု သုတေသီများသုံးသပ်

ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအပေါ်သာ တိုက်ရိုက်ထိခိုက်မှု ရှိနိုင်ပြီး မြန်မာကတော့ စာရင်းမရှိတဲ့အတွက် ရိုက် ခတ်မှုမရှိနိုင်ဘူးလို့ စီးပွားရေး သုတေသီတွေက သုံးသပ် ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ အခုနှစ်မှာ ဆိုးဆိုးဝါးဝါး ကြုံနေရပါတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါကတော့ ကမ္ဘာ့ကပ်ရောဂါနဲ့အတူ ယူကရိန်း နိုင်ငံအပေါ် ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ပွဲတို့ကြောင့် ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေတဲ့ အဓိက အခြေခံအကြောင်းရင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက  ထောက်ပြထားပါတယ်။

အစီရင်ခံစာရဲ့ အဆိုအရ ကမ္ဘာ့စီးပွားရေးဟာ ဒီနှစ်ထဲမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ် ဇွန်လက ခန့်မှန်းခဲ့တဲ့ အခြေအနေနဲ့ယှဉ်ရင် ၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေး အခုလို ကျဆင်းမှု ရှိလာတာဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်ကုန်သွယ်မှု ရှိနေတဲ့ နိုင်ငံတွေအတွက်သာ တိုက်ရိုက်ထိခိုက်မှု ရှိနိုင်ပေမဲ့ မြန်မာကတော့ စာရင်းထဲမှာ မရှိတဲ့အကြောင်း သုတေသီတွေက ထောက်ပြထားပါတယ်။

နိုင်ငံတကာကုန်သွယ်မှုအကြောင်း စောင့်ကြည့်လေ့လာနေတဲ့ စီးပွားရေးသုတေသီတဦးက “မြန်မာပြည်က ကမ္ဘာ့စီးပွားရေးနဲ့ ဘာမှ ဆက်စက် မှု သိပ်မရှိဘူး။ သေးသေးလေး။ အခုဆိုရင် ပိုဆိုးတာပေါ့။ အဲ့တော့ မဆိုင်သလိုဖြစ်နေတာ။ ထိုင်းဆိုရင်တော့ အဲ့လိုမဟုတ်ဘူး။ ထိုင်းက ပို့ကုန်ရော သွင်းကုန်ရော များတယ်။ ဘီလီယံ ၃၀၀ ကျော် ရှိတယ်နော်၊ ပို့ကုန်တခုတည်းတင်။ အဲ့ဒါကြောင့် ထိုင်းအစိုးရက ပို့ကုန်ကျမှာ သူတို့ကြောက်နေကြတာရှိတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေးကျရင် သူတို့ပို့ကုန်တွေကို လာထိမှာ။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ပို့ကုန်လုပ်နေတဲ့ စက်ရုံတွေက ၂၀ ရာခိုင်နှုန်းရှိတယ်။ အဲ့စက်ရုံတွေထဲက တချို့ ပိတ်လိုက်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲ့လိုဖြစ်လာရင် ထိုင်းမှာ အ လုပ်လက်မဲ့တွေ များလာနိုင်တယ်။ ဒါကို သူတို့ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာပြည်အနေနဲ့က ကမ္ဘာ့စီးပွားရေးကျတာဟာ သိပ်မဆိုင်သလို ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ကျဆင်းမှုရှိလာတယ် ဆိုပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး (GDP) ဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းကျော် တိုးတက်မှု ရှိတဲ့အကြောင်း အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင် (MSME) တွေနဲ့ တွေ့ဆုံပြီး မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးဆိုင်ရာအကြံပေး ဆောင်ရွက်နေတဲ့ သုတေသီတဦးက “အဲ့ဒါတွေကတော့ သူတို့ပြောနေတာပဲ။ အရင် စစ်အစိုးရလက်ထက်တွေမှာလည်း အခုလိုပဲ ပြောခဲ့တာပဲ။ အဲ့ဒါတွေက တကယ့် မြေပြင်အခြေအနေနဲ့ မနီးစပ်ပါဘူး။ ချဲ့ကားပြီး ပြောတာတွေပါ။ ပိုဆိုးတာက အခုဆိုရင် ဒေတာ အချက်အလက်တွေက အမှန်အတိုင်း မရနိုင်တော့ဘူး။ သူတို့ပါးစပ်ထဲမှာ ရှိတဲ့အတိုင်း ပြောချင်သလို ပြောနေတာ။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းထားတာက မြန်မာပြည်ရဲ့ GDP က ၁ ရာခိုင်နှုန်းတောင် တိုးတက်မှုမရှိသေးဘူး။ တိုက် ရိုက်ပြောရရင် နိုင်ငံရေး မတည်ငြိမ်သေးသမျှ တိုင်းပြည်စီးပွားရေးက နာလန်ပြန်ထူဖို့တောင် မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ (Global Economic Prospects) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာများ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများစာရင်းမှာ မြန်မာနိုင်ငံကို မသေချာ မရေရာမှုတွေကြောင့်  ချန်လှပ်ခဲ့ပါတယ်။DVB

KNU တပ်မဟာ ၃ နယ်​မြေတွင် ၁၅ ရက်အ တွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး ဒုတပ် ရင်းမှူး တစ်ဦး အပါအဝင်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်)တပ်မ ဟာ ၃ နယ်မြေတွင် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဒုတပ် ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ၁၅ ရက်အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၈၊ တပ်ရင်း ၉ ၊ က ရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များ မှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို မြေ ပြင် တိုက်ပွဲပေါင်း ၅၅ အကြိမ်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု−တပ်ရင်းမှူး ၁ ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အတည်မပြုနိုင်သော အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော စစ်ကား ၂၁ စီးကို ဖျက် ဆီးနိုင်ခဲ့ကြောင်း၊ KNLA /KNDO တပ်ဖွဲ့ဝင် ၂ ဦး တိုင်း ပြည် အ တွက်အသက်ပေးလှူခဲ့ရပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ကျေးရွာများအပေါ် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။khit thit

ကြီးကန်ကျေးရွာတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြို ပကဖ က ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း ၊ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာတွင် ခလရ (၂၅၆) တပ်မှ ကင်းပုန်း လာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၉ ရက်နေ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြော သည်။

၎င်းက “သတင်းရတာနဲ့ နေ့လယ် နှစ်ချက်ထိုးလောက်မှာ ဒရုန်းနဲ့ အရင်ထောက်ကြည့်တာ ။ တွေ့တော့ အီနာဂါ တစ်လုံးစချတာ ဒီကောင်တွေ ထိတယ်။ ထိတော့ ဒီကောင် တွေရမ်းသန်းပစ်တယ်။ သုံးနာရီလောက်မှာ နောက်ထပ် တစ်လုံးထပ်ချတာ။ ထိခိုက် သေဆုံးမှုအခြေအနေက အတိအကျမသိရသေးဘူး ။ကျတော်တို့ ပြန်သွားပြီး ခဏနေတော့ အခင်းဖြစ်တဲ့နေရာကို နာရေးကား နှစ်စီးယောက်လာတယ်လို့တော့ သိရတယ် “ ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ရေစကြို ကားလမ်းတစ်လျှောက် ခလ၇ (၂၅၆)တပ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် လုံခြုံရေးအ တွက် ကင်းပုန်းဝပ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ရေစကြို ပကဖမှ တာဝန်ခံက ပြောသည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုပေးနေသည့် လ၀ကရုံးကို ဝင်ရောက်စီးနင်းပြီးနောက် စာရွက်စာတမ်းများကို မီးရှို့ဖျက်စီးခဲ့‌သေးသည်။

စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်လေ့ရှိသည်။mizzima

ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်သား ၁ ဦး ကော်သူးလေစစ်တပ်နှင့် ပူးပေါင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အခြေစိုက် အမှတ် ၂၈၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သား စည်သူအောင်ဟာ ဇန်န ဝါရီ ၁၇ ရက်မှာ ကော်သူးလေစစ်တပ် မဟာမိတ်ပူးပေါင်းဖွဲ့ဆီကို သေနတ် ၂ လက်၊ တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ပူးပေါင်းလာတယ်လို့ မဟာမိတ်အဖွဲ့ နွေဦးပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

ပူးပေါင်းရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား စည်သူအောင်ကို တပ်မဟာမှူး ဗိုလ်အယ်ကွီးက လက်ခံကြိုဆိုကာ အားပေးစကား ပြောခဲ့ပါတယ်။

အလင်းဝင်လာတဲ့ တပ်သား စည်သူအောင်က တပ်ရင်းမှာကျန်ခဲ့တဲ့သူတွေအနေနဲ့ အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေတိုက်ပြီး အဓိပ္ပာယ်မဲ့ အသေမခံဘဲ အချိန်မီသေးတဲ့အချိန်မှာ ပြည်သူ့ထံ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ဗိုလ်အယ်ကွီး ဦးဆောင်တဲ့ ကော်သူးလေအာမီ မဟာမိတ်တပ်ဖွဲ့တွေဆီ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီတပ်သား စည်သူအောင် နေထိုင်ခဲ့တဲ့ ကလိန်အောင်အခြေစိုက် ခလရ ၂၈၂ တပ်ရင်းဟာ တနင်္သာရီကမ်းလွန်ကနေ ထိုင်းနိုင်ငံကို ပို့ ဆောင်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းတဲ့ နတ်အိမ်တောင်မှာ လုံခြုံရေးယူရတဲ့ တပ်ရင်းဖြစ်ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ရတဲ့ တပ်ရင်းလည်း ဖြစ်ပါတယ်။DVB

ရေဦးတွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း HERO ARMY -KHIN-U အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေဦးမြို့နယ် ကြာဖူးအဝိုင်းအနီး၌ ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်တွင်လည်း ရေဦးမြို့နယ် ကြာဖူးအဝိုင်း၏ တောင်ဘက် ရထားသံလမ်းဘက်သို့ ဆင်းလာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း HERO ARMY -KHIN-U က ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၃ နာရီခန့် တို့တွင် ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာတွင် ကင်းပုန်း ဝပ်နေသော အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ရေစကြို ပကဖ အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ) ရဲဘော်များမှ ပြုလုပ်ခဲ့​​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း ရေစကြို ပကဖ က ထုတ်ပြန်ထားသည်။khit thit

ဒီးမော့ဆို (၆)မိုင် စံပြကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံး ထိခိုက်ဒဏ်ရာရရှိသူများပြား

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြကျေးရွာအနီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း KNDF BO – 9 ကထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ (၆)မိုင် စံပြကျေးရွာ လမ်းမကြီး တစ်ကြော၊ ဘုရားကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF B (09) တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခမရ (၄၂၇)တပ်၏ ကင်းပုန်းများအား အလစ်အငိုက် တိုက်ခိုက်ခြင်းများကိုပါ တစ်ဆက်တည်း လုပ်ဆောင်ခဲ့သည့်အတွက် အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၁၂ရက် ညနေ ၃ နာရီအချိန်တွင်လည်း (၆)မိုင်‌ကျေးရွာ နှင့် ဘက်သလိန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီမှ ခြေကုတ်ယူထားသော နေရာများနှင့် ခမရ (၄၂၇)တပ် ကင်းပုန်းတို့အား အလစ်အငိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် ၊ (၆)မိုင် စံပြကျေးရွာရှိ (၆)မိုင် ဘုရားကျောင်းနှင့် လမ်းမကြီးတစ်ကြောရှိ နေရာ သုံးခုထက်မနည်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဝင်ရောက်တပ်စွဲခဲ့သည်အတွက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ထိတွေ့မှုများအပြီး ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဖက်မှ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့သလို နေအိမ် တစ်လုံး မီးလောင်ပျက် စီးခဲ့သည်ဟု KNDFက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှာ ဒီးမော့ဆိုမြို့နှင့် (၆)မိုင်စံပြကျေးရွာအကြား လမ်းမကြီးတစ်ကြော ၊ ဘုရားကျောင်းတို့တွင် လက်ရှိအချိန်ထိ ခြေကုပ်မျာယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိပြီး KNDF B (09) မှခုခံတိုက်ခိုက်လျှက်ရှိသည်ဟု သိရသည်။mizzima

မြောက်ဦးဒေသခံ ၃ ဦးနှင့် ဘူးသီးတောင်ဒေ သခံ ၁ ဦးကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားရင်ဆိုင်နေရတဲ့ ဒေသခံ ၃ ဦးကို စစ်ကောင်စီက မတ ရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထပ်တိုး တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်က ကိုကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်က ကိုကိုညွန့်နဲ့ တိမ်ညိုကျေးရွာက ကိုပြည့်စုံဝင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီက ထပ်တိုးတရားစွဲလိုက်တာလို့ တရားရင်ဆိုင်နေရတဲ့ ကိုပြည့်စုံဝင်းရဲ့ ဇနီး မလှဘုက ပြောပါတယ်။

“ကိုပြည့်စုံဝင်း၊ ကိုကျော်ဝင်းလှိုင်နဲ့ ကိုကိုညွန့်တို့ ၃ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မတရားအသင်း ၁၇(၁) နဲ့ ထပ်တိုးတရားစွဲထားတယ်လို့ သိရတယ်။ တရားလိုကတော့ အခုရင်ဆိုင်နေကြရတဲ့ ၅၀၅(က) အမှုကို တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးကျော်ကျော်မင်းက မြောက်ဦးမြို့နယ် တရား ရုံးမှာ စွဲတာလို့ သိရတယ်။ အမှုကို စစ်ဆေးတာတော့ မရှိသေးဘူး။ သက်သေတွေက ဘယ်သူတွေ ဘယ်နှယောက်ပါတယ် ဆိုတာလည်း မသိရသေးဘူး။ အခုက ၅၀၅(က) အတွက် အမှုစစ်ဆေးနေပေမဲ့ တရားလိုနဲ့ သက်သေတွေ မရောက်တာကြောင့် ရုံးချိန်းတွေ ကြန့်ကြာမှုတွေ ရှိနေတယ်။”

ဇွန် ၂၁ ရက်က မြောက်ဦးမြို့မှာ စရဖ ၃ ဦးကို အေအေက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၂ နေ့မှာ အခု ထပ်တိုးတရားစွဲခံထားရတဲ့  ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အခုရင်ဆိုင်နေရတဲ့ ၅၀၅(က) အမှုအတွက် တရားလို အပါအဝင် လိုပြသက်သေတွေ ရုံးချိန်းမရောက်ကြတာကြောင့် တရားရင်ဆိုင်နေသူတွေအတွက် နစ်နာမှုတွေရှိနေတယ်လို့ ကိုကျော်ဝင်းလှိုင်ရဲ့ဇနီး မလှလှမြင့်က ပြောပါတယ်။

“၁၇(၁) နဲ့ ထပ်တိုးတရားစွဲထားတယ်လို့တော့ သိရတယ်။ အခုရင်ဆိုင်နေရတဲ့ ၅၀၅(က) အမှုအတွက်လည်း တရားလိုနဲ့ လိုပြသက်သေ မရောက်တာကြောင့် ရုံးချိန်ခေါ်‌ပေမဲ့ မစစ်ဆေးဖြစ်တာ ၄ ပတ်လောက် ဆက်တိုက်ရှိနေပြီ။ လိုပြသက်သေ ၆ ဦးမှာ ၄ ဦးပဲ စစ်ဆေးရသေးတယ်။ နောက် ၂ ဦးက မရောက်တာကြောင့် စစ်ဆေးလို့မရဘူး ဖြစ်နေတယ်။ အရပ်ဘက်သက်သေတွေကတော့ ရောက်တယ်၊ စစ်တပ်ဘက်က တရားလိုရော သက်သေတွေရော မရောက်ကြဘူး။ ရုံးချိန်းတွေထုတ်တယ်၊ မစစ်ဆေးဖြစ်တော့ ရုံးချိန်းတွေ ကြန့်ကြာပြီး စွဲစွပ်ခံထားရသူတွေအတွက်တော့ နစ်နာမှုတွေ ရှိတယ်။”

အမှုရင်ဆိုင်နေရသူ  ၃ ဦးကို မြောက်ဦးမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ဖို့  ဇန်နဝါရီ ၂၄ ရက်နေ့ကို ထပ်မံရုံးချိန်းဆိုထားပါတယ်။

ဖမ်းဆီးခံ ၃ ဦးထဲက ကိုကျော်ဝင်းလှိုင်ဟာ ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လနဲ့ချီ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့က အလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ ကိုဖိုးသီဟနဲ့ ကိုရင်ဆို့ (ခ) ကျော်ဇံဝေတို့ကိုလည်း စစ်ကောင်စီက ဖမ်း ဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာလည်း မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက်ကို စစ်အုပ်စုက ဇန်နဝါရီ ၁၉ ရက်မှာ တရားရုံးထုတ် စစ်ဆေးခဲ့တယ်လို့ ​မိသားစုဝင်တွေဆီကနေ သိရပါတယ်။

တပ်မင်းချောင်းရက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုကာ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သလို တရားလိုပြ သက်သေ ၂ ယောက်ကို စစ်ဆေးကာ ဇန်နဝါရီ ၂၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

ဘူသီးတောင်မြို့နယ် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းက ရပ်ကျေးအုပ်အုပ်ချုပ်ရေးမှူး ၁၂ ယောက်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ ခေါ်ယူပြီး တပ်မင်းချောင်း အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှနဲ့ မီးကျောင်းစျေး (မွတ်ဆလင်) ရွာ အုပ်ချုပ်ရေမှူး ဦးဟာမတ်တူဆောင်းတို့ ၂ ယောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

မီးကျောင်းစျေး အုပ်ချုပ်ရေးမှူး ဦးမာမတ်တူဆောင်းကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားရုံးထုတ် စစ်ဆေးမှာဖြစ်ပြီး သူတို့ ၂ ယောက်ကို ဘူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။ DVB

ရန်ကုန်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ပသွင်းကုန် အစားထိုး ပြည် တွင်း ထုတ် ကုန် စျေးရောင်းပွဲ လုပ်ရန် စစ်ကောင်စီက ဖိ အားပေးပြန်၊ ပွဲမှန် သမျှ စည်ကားစေရန် စက် မှုဇုန်များကို စစ်တပ်က ပစ်မှတ်ထား ခိုင်းစေ

ရန်ကုန်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းထုတ်ကုန်စျေးရောင်းပွဲ လုပ် ရန် ရန်ကုန်တိုင်းစစ်ကောင်စီက လုပ် ငန်း ရှင်များကို ဖိအားပေးလျက်ရှိကြောင်း ပြည်တွင်းလုပ်ငန်းရှင် တချို့ က ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အဖြစ် ပြည်ပသွင်းကုန် အစားထိုး ပြည် တွင်းထုတ်ကုန်စျေးရောင်းပွဲ ကျင်းပရန် စက်မှုဇုန်လုပ်ငန်းရှင်များကို ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီးပွားရေးတွေကလည်း ဘယ်လိုမှ မလည်ပတ်ဘူး။ အားလုံး တုံ့ဆိုင်းနေတာ။ အဲဒါကို ဟန်မပျက်ဇွတ်လုပ်နေသည့် ပွဲများကြောင့် လုပ်ငန်းရှင်အများစု စိတ်ပျက်ကြတယ်။ အဲဒီလိုလုပ်တဲ့ ပွဲတွေက လုံးဝ မရောင်းရဘူး။ စက်မှုဇုန် တွေရော။ ဌာနက Non တွေရော။ ဘယ်သူမှ မလုပ်ချင်ဘူး။ စစ်ကောင်စီဘက်က အတင်းလုပ်ခိုင်းတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။

၇၆ နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွက် စက်မှုဇုန် တစ်ခုလျှင် ၁၀ ပေ၊ ၅၀ ပေ ပြခန်းတစ်ခု မဖြစ်မနေ ခင်းကျင်းပြသရမည်ဟု စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပျော်ပွဲရွှင်ပွဲများနှင့်ပွဲလမ်းသဘင်များတွင် ပြည်သူအများစု မပါဝင်သဖြင့် မစည်ကားကြောင်း၊ ထို့ကြောင့် စစ်တပ် ၏ ပွဲလမ်းသဘင်မှန်သမျှကို စက်မှုဇုန်များမှ အလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဖြစ်မနေ တက်ရောက်ခိုင်းပြီး ဇတ်စည်ကားစေရန် လုပ် ဆောင်နေသည်ဟု စက်မှု ဇုန်လုပ်ငန်းရှင်တချို့က ဆိုသည်။

“လွတ်လပ်ရေးနေ့တုန်းကလည်း ညဘက် ပျော်ပွဲ ရွှင်ပွဲ စတိတ်ရှိုးဆိုပြီး မဖြစ်မနေဆိုပြီး စက်မှုဇုန်တစ်ခုကို လူ ၅၀ ပေးရတယ်။ ဘာပွဲလုပ်လုပ် စက်မှုဇုန်က လူတွေကို မဖြစ်မနေ မပျက်မကွက် လာရမယ်ဆိုပြီး ဇွတ်ကို ဖိအားပေးတယ်။ သူတို့လုပ်တဲ့ဇတ်ပွဲ တောင် လူစည်ကားအောင် စက်မှုဇုန်တွေကို လာကြည့်ခိုင်းတယ်” ဟု လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ စစ်ကောင်စီက ရန်ကုန်အမျိုးသားကဇတ်ရုံတွင် ပြုလုပ်သည့် “အသက်ထက် မြတ်သော ဂုဏ်သိက္ခာ” အမည်ရ စစ် တပ်အလိုကျ ဇတ်ထုပ် ပြဇတ်ပွဲသို့ စက်မှုဇုန်များမှ တစ်ဇုန် ၅ ဦးကျဖြင့် လာရောက် ကြည့်ရှုန် အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည်။khit thit

ကန့်ဘလူမြို့နယ် ဇာဒီရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇာဒီရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Kanbalu Underground Warriors မှ ဇန်နဝါရီ ၁၉ရက်တွင် သတင်းထုတ် ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီ ၃၈ မိနစ်တွင် ကန့်ဘလူမြို့နယ် ဇာဒီရွာ၌ အထိုင်စခန်းချထားသော အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များမှ ၆၀မမ နှစ်လုံး ၊ ၁၂၀ မမ ငါးလုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“စစ်သားတွေနဲ့ ပျူတွေက ကျေးရွာဘုန်းကြီးကျောင်းမှာ စခန်းချထားတာ။ အဲတာကို လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာပါဗျ။ လက်နက်က သူတို့နေတဲ့နေရာမှာ တည့်တည့်ကျသွားတယ်။ အထိခိုက်ကတော့ ရှိနိုင်ပါတယ်။အတိအကျတော့ မသိရသေးဘူး။” ဟု Kanbalu Underground Warriors မှ ကိုတက်တိုးက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ဘက်မှလည်း လက်နက်ကြီးနှစ်ချက်ဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် MPF U.18 ၊ ကန့်ဘလူ မြို့နယ် ပကဖအဖွဲ့ ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြိုနယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ် ဇာဒီရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချထားသည်မှာ ငါးလခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်နက်အား ကိုးဖြင့် ကျေးရွာနေ ပြည်သူများအပေါ် ခြိမ်းခြောက်ပြီး ပျူသင်တန်းတက်ခိုင်းခြင်း၊ အတင်းအဓမ္မ ဆက်ကြေးကောက်ယူခြင်းများလည်း မ ကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။mizzima

« Older Entries Recent Entries »