ကျောက်ရစ်စခန်းမှ ထွက်လာသည့် စစ်ကောင် စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ် ဖွဲ့များ တိုက်ခိုက် ထိခိုက်သေဆုံးမှုများရှိနိုင်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်း မှထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ် ကောင်စီတပ်ဘက်တွင် သုံးဦး အထိ သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း Scorpions People Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ သူတို့ လာမယ့် လမ်းကြောင်းကို နေရာကြိုယူပြီး ရှေ့ကတစ်သုတ် ရွာထဲ ဝင်သွားချိန် နောက်မှ ကျန်တဲ့ ၂၀ လောက်ကို ပစ်တာ၊ မျက်မြင်ကတော့ သုံးဦး လောက်ကျတယ်။ နောက်တစ်ခုက ၄၀ မမ နဲ့ ပစ်တာ ခြောက်ယောက်လောက် ထိခိုက်ဒဏ်ရာရနိုင်တယ်” ဟုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ဦးဇင်းတစ်ပါး နှင့် ပြည်သူ သုံးဦး ဒဏ်ရာရရှိသွားကြောင်း Scorpions People Defense Force မှတာဝန်ရှိ သူတစ်ဦးက ပြောသည်
၎င်းက “ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု ရှိတယ်။ ၆၀ မမ နဲ့ ပစ်တာ ဆူးလေကုန်း ကျေးရွာထဲက ဘုန်းကြီးကျောင်းထဲကျတာ ဦးဇင်းတစ်ပါးနဲ့ ပြည်သူ သုံးဦးလောက် ထိတယ်၊ သက်ကြီးရွယ်အို တစ်ဦးပါတယ်၊ ကျတော်တို့ ကားနဲ့ ဆေးခန်းလိုက်ပို့ခဲ့ရတယ်” ဟုပြောသည်။
ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် နနွင်းကိုင်း ရွေတစ်ချောင်း ကျေးရွာဘက်သို့ ဦးတည်လာခြင်းဖြစ်ပြီး ရေစကြိုဘက်မှ လာပို့သည့် ရိက္ခာကို ထွက်ယူခြင်းဖြစ် နိုင်ကြောင်းဆိုသည်။
မြောင်မြို့နယ်ရှိ ကျောက်ရစ်စခန်းတွင် ပျူစောထီး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေသည့် စခန်းတစ်ခုပြီး အနီးအနားက ကျေး ရွာများသို့ မကြာခဏ ဝင်ရောက် လုယက်ခြင်း မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်လေ့ရှိသည်။ mizzima