ပလရဲစခန်းအနီး ဒေသခံ ၁ ဦး ပစ်သတ်ခံရ၊ အလောင်းပြန်မပေး

တနင်္သာရီတိုင်း  မြိတ်ခရိုင်၊ ပလမြို့မှာ ရဲစခန်းက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတဲ့နေရာကို ဇန်နဝါရီ ၂၀ ရက်က ဖြတ်သွားတဲ့ ဒေသခံ ၁ ယောက်အား ပလမြို့ရဲစခန်းက သေနတ်နဲ့ ပစ်သတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေ ၅ နာရီက ရဲစခန်းနားက ပိတ်ထားတဲ့နေရာကို ဆိုင်ကယ်မောင်းပြီး ဖြတ်သွားတဲ့ ဒေသခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သေဆုံးသူ အလောင်းကို မိသားစုဝင်တွေက ပြန်တောင်းပေးမဲ့ မပေးသေးဘူးလို့  ဒေသခံတဦးက ပြောပါတယ်။

“ဆိုင်ကယ်နှင့်သူ့အိမ်ကို ပြန်လာတာပါ။ ရဲစခန်းနားက လမ်းပိတ်ထားတဲ့ နေရာကို ဖြတ်သွားချိန် ပစ်သတ်လိုက်တာ။ ဆိုင်ကယ်ရော အ လောင်းရော ကားနဲ့ လာသယ်သွားတယ်။”

သေဆုံးသူအမျိုးသားမှာ အသက် ၅၅ နှစ်အရွယ် ဦးလွန်းခင်ဖြစ်ပြီး သမီးဖြစ်သူအိမ်ကနေအပြန် ရဲစခန်းနားက ပိတ်ထားတဲ့နေရာကို ဖြတ်သွားချိန်မှာ ပစ်သတ်ခံလိုက်ရတာပါ။ 

အရင်က ခုလို ဖြတ်သွားဖြတ်လာတွေကို စစ်ဆေး မေးမြန်းခဲ့ပေမဲ့  ပြီးခဲ့တဲ့ရက်ပိုင်းက ရဲစခန်းကို ဒေသကာကွယ်ရေးတပ်က ဝင်တိုက်ခဲ့တာကြောင့် လုံခြုံရေးတင်ကျပ်ထားတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s