ပေါက်မြို့အနီး အုန်းတောရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့အနီးရှိ အုန်းတောကျေးရွာစာသင်ကျောင်းအတွင်း၌ တပ် စွဲ ထား သောအကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ် သား တစ်ဦးသေဆုံးခဲ့ကြောင်း Pauk Revolution Front မှ တာဝန်ရှိ သူတစ်ဦး ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခွဲအချိန်က အင်အား ၃၀ နီးပါဖြင့် တပ်စွဲထားသော ပေါက်မြို့နယ်၊ အုန်းတောကျေး ရွာ စာသင် ကျောင်းအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး သီးတစ်ဦး ကျဲချတိုက်ခိုက်ခဲ့ရာ စစ် သား တစ်ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ပြည်သူ့ ကာကွယ် ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
“လက်လုပ်ဗုံးသီး ၁ လုံး ကျဲချခဲ့တာ၊ စစ်ခွေးတစ်ဦးနေရာတင်သေတယ်။ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်၊ အဲဒီနေရာက မြို့နဲ့လည်း နီးတယ်။ မိန်းလမ်းမကြီး ဘေးမှာ ဆိုတော့ သူတို့က အမြဲ ဝင်ထွက် သွားလာနေကြ တာဆိုတော့ စစ်ခွေး အင်အားက အတိအကျတော့ပြောလို့မရဘူး။ ၃၀ နီး ပါးလောက်ရှိမယ်” ဟု Pauk Revolution Front (PRF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။khit thit