ပြည်ပထွက်ခွာရန် ပြင်ဆင်နေသူများအတွက် နိုင်ငံကူးလက်မှတ်စာအုပ်က အတားအဆီးဖြစ်နေ

‘ ပတ်စပိုစ့်ရုံးက ပိတ်သွားပြီဆိုတော့ ကျွန်တော် ဘာမှလုပ်မရတော့ဘူး ဆွံအသွားပြီလေ။ကျွန်တော်က ၁လပိုင်း၂၃ရက်နေ့မှာ ရုံးကိုစာအုပ်ပေးရမှာလေ။ ကျွန်တော်မှာအခုသွားဖို့အတွက် ကျွန်တော်အိမ်က လယ်တွေဘာတွေလဲမရှိတော့ဘူး။ကျွန်တော်အမေက ကျွန်တော်သွားရမှာ ကျိန်းသေတယ်ဆိုပြီး အကုန်လုံးပေါင်ပေးခဲ့တာ။ ကျွန်တော်ပြောရင်း မျက်ရည်ကျရပါတယ်ဗျာ။ကျွန်တော်တို့က မကောင်းတဲ့သူရဲ့လက်အောက်မှာပဲ ဆက်နေပြီး ကျွန်ခံရတော့မှာပါ’’ လို့ ပြောလာသူကတော့ ကိုရီးယားကိုသွားဖို့အတွက် ပြင်ဆင်နေတဲ့ ကိုတင်လင်းပဲဖြစ်ပါတယ်။

ကိုတင်လင်းက ကိုရီးယားမှာအလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် ကိုရီးယားဘာသာစာမေးပွဲကိုအောင်မြင်ထားပြီးတော့ ကိုရီးယားနိုင်ငံဘက် အလုပ်ရှင်ဆီကနေလဲ အလုပ်အင်တာဗျူးတွေအောင်မြင်ထားခဲ့ပြီးပါပြီ။ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက်နိုင်ငံကူးလက်မှတ်စာအုပ်တစ်ခုသာ လိုတော့တာဖြစ်ပေမယ့် နိုင်ငံကူးလက်မှတ်ရုံးက ယခုလ ဇန်န၀◌ါရီ ၁၇ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်ရုံးက ဒီဇင်ဘာ လလယ်ကတည်းကယာယီပိတ်ထားခဲ့ပြီး ဇန်န၀◌ါရီ ပြန်လည်ဖွင့်လှစ်မယ်လို့ နိုင်ငံကူးလက်မှတ်ရုံး၀◌န်ထမ်းတွေက နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူတွေကိုပြောဆိုခဲ့ပေမယ့်လည်း ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ နှစ်နိုင်ငံချင်းသဘောတူညီမှုနှင့် ပြည်ပကိုအလုပ်သမားစေလွှတ်တဲ့ MOU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသူတွေအတွက်သာ နိုင်ငံကူးလက်မှတ်လျှောက်ခွင့်ရခဲ့ပါတယ်။ တခြားသူတွေက ဇန်န၀◌ါရီ ၁၆ရက်နေ့ ပြန်လည်ဖွင့်လှစ်မယ်လို့ နိုင်ငံကူးလက်မှတ်ရုံး ၀န်ထမ်းတွေက ပြန်လည်ပြောပေမယ့်လည်း ဇန်န၀◌ါရီ ၁၇ရက်နေ့မှာတော့ ဗုဒဂါယာဘုရားဖူးသူတွေအတွက်သာ နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရပြီး ကျန်တာအကုန် ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အလုပ်သမားညွှန့်ကြားရေးဥ◌ီးစီးဌာနရဲ့ ခွင့်ပြူပြီးအလုပ်ခေါ်စာနဲ့ စေလွှတ်တဲ့အလုပ်သမားတွေအတွက် Green Chennel နဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့အစီအစဥ◌်ကိုလည်း ဇန်န၀◌ါရီ ၁၇ရက်ကစပြီးယာယီရပ်ဆိုင်းကြောင်း မြန်မာပြည်အလုပ်အကိုင် ၀◌န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ထုတ်ပြန်ထားပါတယ်။

အဆိုပါရပ်ဆိုင်းကြောင်းထုတ်ပြန်စာနဲ့ပတ်သက်ပြီး ‘ရပ်ဆိုင်းကြောင်းထုတ်ပြန်ထားတာက မှန်ပါတယ်။ ပြန်ဖွင့်မယ့်ရက်ကတော့ ပြန်ကြေညာပေးပါ့မယ်’’ လို့ မြန်မာပြည်အလုပ်အကိုင် ၀◌န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ဒုတိယ ဥက္ကဌ ဥ◌ီးပီတာညွှန့်မောင်က အတည်ပြုပြောပါတယ်။

ဇန်န၀◌ါရီလကုန်မှာတော့ လျှောက်ထားမှုလုပ်ငန်းစဥ◌်အသစ်တစ်ခုချပြသွားဖို့ရှိကြောင်းနဲ့ ပြင်ဆင်ထားတာတွေကို ချပြပြီးတာနဲ့ လျှောက်ထားမှုလည်ပတ်နိုင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကိုပြောထားတာကိုလည်းတွေ့ရပါတယ်။

‘ကျွန်တော် အဲ့စလစ်ကိုလဲ ဆွဲဖြဲပစ်လိုက်ပြီ၊ကျွန်တော် မသွားတော့ဘူး။ကျွန်တော် ကိုရီးယားစာတွေလေ့လာခဲ့တယ်။စာမေးပွဲအောင်ခဲ့တယ်ဆိုတာပဲ ပြောနိုင်တော့တယ်၊အဲ့စာအုပ်လေးရပြီး စာအုပ်လေး တင်နိုင်ခဲ့ရင် ကျွန်တော် အဲ့မှာ အလုပ်သွားလုပ်လို့ရပြီးတစ်လကိုသိန်း ၄၀လောက် ရမှာ ကျွန်တော်သိတယ် ။ ဒါပေမယ့် ကျွန်တော်အမေက ကျွန်တော်ကို ထပ်ပြီးအယူံအကြည် ကင်းမဲ့အောင် ကျွန်တော်ထပ်မလုပ်ချင်တော့ဘူး။ အခုကျွန်တော် ပတ်စပိုစ့်စာအုပ်ရအောင်မလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်ကြောင့် အကြွေးတွေတင်သွားတာတွေကိုကျွန်တော်ပြန်လုပ်ပေးရမယ် ’’လို့ ကိုတင်လင်းက ဆိုပါတယ်။

ကိုတင်လင်းက နိုင်ငံကူးလက်မှတ်စာအုပ်ကို မပေးနိုင်တဲ့အတွက် ကိုရီးယားမှာအလုပ်သွားရောက်မလုပ်နိုင်တော့တဲ့အကြောင်း သူ့ရဲ့မိခင်ကိုအခုချိန်ထိ မပြောရဲသေးဘဲ ပေါင်ထားတဲ့လယ်တွေကိုပြန်ရွေးနိုင်ဖို့အတွက် အချိန်ပြည့်အလုပ်တစ်ခုနဲ့ အချိန်ပိုင်း အစားအသောက်ပို့ဆောင်တဲ့အလုပ်ကိုလည်းလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် နိုင်ငံကူးလက်မှတ်ရုံးပြန်လည်ဖွင့်လှစ်ပြီးနောက် နိုင်ငံကူးလက်မှတ်‌လျှောက်ထားသူတွေဟာ ရန်ကုန်မြို့ စက်မှု၁လမ်းရှိ နိုင်ငံကူးလက်မှတ်ရုံးရှေ့မှာ ၂၀၂၁ခုနှစ် နို၀◌င်ဘာလကစတင်ပြီး လူ၅၀၀၀ ကျော်ကနေ လူ၁၀၀၀၀ကျော်အထိကိုလာရောက်တန်းစီနေကြတာတွေ ရှိခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးရှေ့ လာရောက်တန်းစီသူတွေဟာ မနက် ၂နာရီကနေ စပြီး လာရောက်တန်းစီကြတာတွေအထိကိုဖြစ်ခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ်ရုံးက အွန်လိုင်းမှတဆင့် လျှောက်လွှာတင်တဲ့စနစ်ကို ၂၀၂၂ခုနှစ် မတ်လမှပြောင်းလဲခဲ့ပြီးနောက်မှာလဲ အွန်လိုင်းမှလျှောက်လွှာတင်တဲ့သူတွေ များလွန်းတဲ့အတွက် နိုင်ငံကူးလက်မှတ်လျှောက်ဖို့ နှစ်လကနေ သုံးလအထိ အွန်လိုင်းလျှောက်လွှာရဖို့စောင့်ရတာတွေနဲ့ အွန်လိုင်းလျှောက်လွှာကို တဆင့်ပြန်လည်၀◌ယ်ယူတဲ့အခါမှာလည်း အစပိုင်းမှာသောင်းဂဏန်းကနေ ခက်ခဲလာတာနဲ့အမျှသိန်းဂဏန်းအထိ စေ◌ျးတွေမြင့်တက်လာခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရခက်ခဲတာနဲ့အမျှ လိမ်လည်မှုတွေလဲ ရှိနေပါသေးတယ်။

ကိုတင်လင်းက နိုင်ငံကူးလက်မှတ်ကို ဇန်န၀◌ါရီ ၂၃ရက် အမှီရဖို့အတွက် ငွေကျပ် ၃၀၀၀၀၀ ကျော် နိုင်ငံကူးလက်မှတ်ပွဲစားကိုပေးခဲ့ရပြီး ဒီဇင်ဘာလ နိုင်ငံကူးလက်မှတ်ရုံးပိတ်ထားချိန်မှာဇန်န၀◌ါရီ ပထမအပတ် နိုင်ငံကူးလက်မှတ်စာအုပ်ကို ထုတ်ပေးမယ်လို့ ပွဲစားက ထပ်မံပြောလာတာကြောင့် ငွေကျပ် ၃၀၀၀၀၀ထပ်မံ ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။အခုချိန်မှာတော့ အဆိုပါပွဲစားက ဖုန်းအဆက်အသွယ်တွေပါ အကုန်ဖြတ်တောက်ပစ်သွားခဲ့ပါပြီ။

‘သူက ကျွန်တော်ကိုလိမ်သွားပါပြီ ။ ကျွန်တော်က ကံလဲမကောင်းသလိုအသုံးလဲမကျပါဘူး။ကျွန်တော်အမေကိုအရမ်းအားနာပါတယ် ။ အခုချိန်မှာကျွန်တော်ဘယ်လောက်ပဲ ပင်ပန်းရပါစေ အလုပ်တွေရသလောက်အကုန်လုပ်ပြီး အမေပေါင်ပေးခဲ့တဲ့ လယ်‌တွေကို အကုန်ပြန်ရွေးပေးချင်တယ်’’လို့ ကိုတင်လင်းကဆိုပါတယ်။

ကိုတင်လင်းလိုမျိုး နိုင်ငံကူးလက်မှတ် အရေးပေါ်လိုအပ်နေသူတွေဟာ ပွဲစားတွေရဲ့ အယုံသွင်းပြောဆိုမှုတွေကြောင့် ငွေလိမ်ခံရမှုတွေလဲ အ များကြီးကြုံနေရပြီး အခုချိန်ထိလည်း အွန်လိုင်းပေါ်မှာ နိုင်ငံကူးလက်မှတ်ကို နေ့ချင်းပြီးရအောင်လုပ်ဆောင်ပေးမယ် ၊ဆယ်ရက်အတွင်းနိုင်ငံကူးလက်မှတ်စာအုပ်ရမယ်ဆိုတဲ့ အရေးအသားတွေနဲ့ လိမ်လည်မှုတွေဆက်လက်လုပ်ဆောင်နေကြဆဲပါပဲ။

အခုချိန်မှာတော့ နိုင်ငံကူးလက်မှတ်က ဗုဒ္ဓဂါယာဘုရားဖူးသူတွေအတွက်သာ လျှောက်ထားခွင့်ရရှိနေတာြဖစ်ပြီး အဆိုပါ နိုင်ငံကူးလက်မှတ်လျှောက်မည်ဆိုပါက တစ်လကြိုတင်စာရင်းပေးသွင်းရပြီး ငွေကျပ် ၁၈သိန်းကျော်ကုန်ကျမည်ဖြစ်ကာ Passport for Visit PV အလည်အပတ် ပတ်စပိုစ့်အမျိုးအစားရရှိမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

‘ လူတိုင်းက ပတ်စပိုစ့်လိုချင်လို့ ဘုရားဖူးလာလိုက်ကြတာတွေလည်းအများကြီးပဲလေ။ ဒါပေမယ့် အစ်မတို့ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ဘက်က ချပေးတဲ့အချိန်အထိ လုပ်ပေးမယ်။သူတို့ကလဲ ဘုရားဖူးအတွက်ဆိုရင်လာခဲ့လုပ်ပေးမယ် ပြောတယ် လောလောဆယ်အထိကတော့ ရနေသေးတယ်လို့ ပြောရမှာပေါ့’’လို့ ဘုရားဖူး၀◌န်ဆောင်မှုပေးသည့် အေးဂျင့်စီက အဆိုပါ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်ပြီး ရှင်းပြသည်။

လက်တလောမှာတော့ နိုင်ငံကူးလက်မှတ်တွေ ရပ်ဆိုင်းသွားတဲ့အတွက် ပြည်ပထွက်ခွာဖို့ပြင်ဆင်နေကြသူတွေဟာ မျှော်လင့်ချက်မဲ့သလို ခံစားနေကြရပြီး နိုင်ငံကူးလက်မှတ်ရရှိဖို့ အရေးတကြီးလိုအပ်နေကြသူတွေကတော့ နိုင်ငံကူးလက်မှတ်ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို မစောင့်ဆိုင်းနိုင်တော့ပဲ ဗုဒ္ဓဂါယာဘုရားဖူးအစီအစဥ◌်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ပြင်ဆင်နေကြတယ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေက ဆိုပါတယ်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s