မြိုင်မြို့နယ်၊ ဗဟင်းရွာ တိုက်နယ်ဆေးရုံကို စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် ဗဟင်းရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မန်ကျည်းပင်အောက် ဝင်ပုန်းနေသည့် အသက် ၆၀ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးသွားပါတယ်။ မန်ကျည်းပင်အောက်ဝင်ပုန်းရင်း လေယာဥ်ကျဲတာထိပြီး သေဆုံးသွားတာ ဆေးရုံထဲ မွေးဖွားလူနာနဲ့ တခြားလူနာ စုစုပေါင်း ၅၀ ကျော်ခန့်ကိုတော့ ကယ်ထုတ်နိုင်လိုက်ပါတယ်။ ဆေးရုံ အဆောက်အအုံ အတော်ထိပါတယ်။ ဓာတ်မှန်ခန်းပေါ် တည့်တည့် ပစ်ခံရတဲ့အတွက် အပျက်အစီးများတယ်” ဟု မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit