NUG ရဲရင့်နွေဦး ကွန်ဒိုများ ယနေ့စတင်ရောင်းချမည်

NUG ၏ ရဲရင့်နွေဦး ကွန်ဒိုများ ယနေ့စတင်ရောင်းချမည်ဖြစ် ကြောင်း The End of Dictatorship က ကြေညာသည်။

အဆိုပါ စီမံကိန်းမှာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ စစ်ကောင်စီပိုင် မြေနေရာများတွင် ကွန်ဒိုနှင့် တိုက်ခန်းများ ဆောက်လုပ်မည့် စီမံကိန်းဖြစ်ကာ နွေဦးတော်လှန်ရေးအတွက် NUG က ရန်ပုံငွေရှာဖွေနေခြင်းဖြစ်သည်။

ကွန်ဒိုများကို ဇန်နဝါရီ ၂၁ ရက် ည ၁၀ နာရီတွင် စတင်ရောင်းချ မည်ဖြစ်ပြီး ရောင်းချမည့် နေ့ရက်မတိုင်မီကပင် အခန်းများဝယ် ယူရန် ကြိုတင်အမှာစာ ၃၀၀ ကျော် ရရှိထားသည်ဟု The End of Dictatorship က ထုတ်ပြန်ထားသည်။

” ပိုက်ဆံပေးပြီး ဝယ်မရတဲ့ အသက်တွေနဲ့ တော်လှန်နေသူများ ထက်စာရင် ပြန်ရှာလို့ရတဲ့ပိုက်ဆံထည့်ပြီး တော်လှန်ဖို့က ပြည်သူတိုင်း မဖြစ်မနေလုပ်သင့်တဲ့ တာဝန်တစ်ခုလို့ ယုံကြည် လို့ပါ” ဟု ကွန်ဒိုအခန်း ကြိုတင်အမှာစာတင်ထားသူတစ်ဦးက ပြောသည်။

ရဲရင့်နွေဦး ကွန်ဒိုစီမံကိန်းတွင် Studio၊ 1-Bedroom၊2-Bedroom၊ 3-Bedroom စသည့် အခန်းအမျိုးအစား ၄ မျိုးပါဝင်မည်ဖြစ်ပြီး ရောင်း ချ မည့် အခန်းပေါင်း ၈၅၀ ရှိသည်။

စီမံကိန်းနေရာကို နှစ် ၆၀ ဂရန်မြေအဖြစ် သတ်မှတ်မည်ကာ အခန်းပိုင်ရှင်များက အချိုးကျ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ဝယ်ယူသူ မှာ အမည်ရင်းဖြစ်ရန်မလိုကြောင်း၊ မွေးနေ့မွေးလနှင့် မှတ်ပုံတင်နံပါတ် နောက်ဆုံးလေးလုံး၊ ကိုယ်ပိုင် email တစ်ခုသာ ပေးပို့ရန် လိုအပ်ကြောင်း၊ နိုင်ငံအလိုက် EOD ကိုယ်စားလှယ်များမှ တစ်ဆင့် ဝယ်ယူနိုင်သည်။

ဝယ်ယူလိုသည့် ကွန်ဒိုတိုက်ခန်း တန်ဖိုး၏ ရာခိုင်နှုန်း ၄၀ ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၆၀ရာခိုင်နှုန်းကို တော်လှန်ရေးလွန်ကာလတွင် ပေးချေရမည်ဖြစ်သည်။

ကနဦး ၄၀ ရာခိုင်နှုန်းကို တကြိမ်တည်းပေးနိုင်သလို မပေးနိုင်သူ များမှာ သုံးလအတွင်း အရစ်ကျပေးချေနိုင်ကြောင်း၊ ကျန်ငွေကို တော်လှန် ရေးလွန်ကာလတွင် ပြည်တွင်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်ပြီး ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်း သက်သာစွာ အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ပေးမည်ဟု The End of Dictatorship က ထုတ်ပြန်သည်။

အခန်းတန်ဖိုးများမှာ အနိမ့်ဆုံး ဒေါ်လာ ၁၈၀၀၀ ကျော်မှစတင်ကာ အများဆုံး ဒေါ်လာ လေးသောင်းကျော်အထိ အခန်းများလည်း ပါဝင်သည်။

ထို့ပြင် ဒေါ်လာ ရာဂဏန်းဖြင့် ဝယ်ယူနိုင်မည့် တိုက်ခန်းများဖြစ် သည့် လှိုင်သာယာ၊ တောင်ဒဂုံ အစရှိသည့်နေရာများတွင်လည်း နွေဦးစံရိပ်မွန်အိမ်ရာများကို အကောင်အထည်ဖော်မည်ဟု The End of Dictatorship က ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s