Monthly Archives: Jan 2023

ကောလင်း တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ကံမမြို့နယ်၊ ရေနံသာ တိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ် ကြောင်းကို ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၂ နာရီခွဲခန့်တွင် တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။

ယနေ့ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်း အင်အား ၅၃ ဦး ပါသော စစ်တပ် စစ် ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသမှ ထွက်ခွာလာပြီး ကော လင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာရှိ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်း နောက် ထိုစစ်ကြောင်းက ကိုးတောင်ဘို့ ပြန်လာစဉ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များက လမ်းတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် ကောလင်းခရိုင် တပ်ရင်း ၁ ၊ ဇင်ဇော် လေး တပ်စိပ်၊ ကျော်ကြီးတပ်စိပ်နှင့် ကော လင်းမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး တိုက်ပွဲကြာ ချိန် ၁ နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာတိုက်နယ် ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲများထိခိုက် သေဆုံးမှု ရှိနိုင် ကြောင်း Eagle Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အင်အား ၁၅ ဦးခန့် ဖြင့် တပ်စွဲထားသော ရေနံ့ သာတိုက်နယ်ရဲစခန်းကို သရက်ခရိုင် ၊ တပ်ရင်း-၄ (EAGLE FORCE) က ပထမဆုံးအကြိမ် ဒရုန်းမစ်ရှင် အဖြစ် ဒရုန်းဖြင့် ဗုံး၁ လုံးကျဲချတိုက်ခိုက်ရာ ရဲတစ်ဦးထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“ခြင်းခတ်နေတဲ့ ရဲခွေးတွေကို ဒရုန်းနဲ့ ဗုံးချဖို့ ပျံသန်းနေတုန်းမှာ ဒရုန်းမြင်ပြီး ရဲတွေ ထွက်ပြေးသွားတယ်၊ ပြေးနေတဲ့ ရဲခွေးနှစ် ကောင်နောက်ကို လိုက်ပြီး ဗုံးချခဲ့တာ၊ နောက်ဆုံးသိရတာကတော့ ဆေးရုံနောက်ပေါက်ကနေ ရဲတစ် ယောက် ကို တွဲပြီး ဝင်ပို့တာမြင်တယ်လို့ ပြောပါတယ်၊ ဆေးရုံကလည်း စခန်း ဘေးကပ်မှာရှိတယ်။ တစ်ယောက်ထိခိုက်ဒဏ်ရာရရှိတဲ့သဘောပေါ့” ဟု Eagle Force သတင်းနှင့်ပြန်ကြားရေးတာ ဝန်ခံ ကိုမြတ်က ပြောဆိုသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲများက ပြန်လည်ပစ်ခတ် တိုက် ခိုက်နိုင်ခြင်း မရှိကြောင်း၊ လက်ရှိတွင် ကံမမြို့နှင့် သရက်မြို့မှ စစ်သား၊ ရဲများ ထပ်မံအင်အားဖြည့်ထားကြောင်း၊ ယမန်နှစ် ဩဂုတ်လပိုင်းကလည်းရဲစခန်းကို PDF များက လာရောက်တိုက်ခိုက်ရာ ရဲများ အားလုံးထွက်ပြေးသွား ခဲ့ကြ ကြောင်း သိရှိရသည်။ khit thit

ပခုက္ကူ-ကံမလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၁ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ပခုက္ကူ မြို့ မှ ကံမဘက်သို့ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ဖောကား ခြောက်စီးပါယာဉ်တန်းကို ယမန်နေ့ ဇန်နဝါ ရီလ ၂၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွား ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယာက ပြောသည်။

“အင်အား ၉၀ ကျော် ၁၀၀ လောက်ပါမယ်။ မိုင်းပွိုင့် သုံးပွိုင့်နဲ့ဆွဲတာ ကားပါစုတ်ပြတ်ပြီးတော့မှ ကံမနဲ့ ပခုက္ကူက နာရေးကားတွေနဲ့ လာသယ်ကြတယ်” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သားများသည် ယင်းနေ့ နံနက်အစောပိုင်းမှစ၍ ညနေ ၄ နာရီခန့်အထိ အနီးနားရှိကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ဗိုလ်လက်ယာက ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်များကို ပေါက်မြို့နယ်တွင် တစ်ကြိမ်၊ ပခုက္ကူမြို့နယ် တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် အခြားမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနေ့ နံနက် ၆ နာရီခန့်တွင် ခုက္ကူမြို့နယ် ကောင်းစက်ဝိုင် ဆီပန့်ဆိုင်နှင့် ကန်တော်ကျေးရွာ အကြား တွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားငါးဦးနှင့် ပျူစောထီးဆိုသူတစ်ဦးတို့ကို အနီးကပ် တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ဗိုလ်လက်ယာက ပြောသည်။

“အစတုန်းကတော့ မိုင်းဆွဲဖို့သွားတာ မိုင်းဆွဲချိန်မရတော့ဘဲ အနီးကပ်အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ သူတို့ဘက် တစ်ကောင်ဒဏ်ရာရပြီး ငါးကောင် ကျတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များကိုကောက်ယူရန်ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ် သားတစ်ဦးမှ တရစပ်ပစ်ခတ်နေခြင်း ၊ဘုန်းကံပျူရွာမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းတို့ကြောင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း ဆိုသည်။

ယင်းနေ့ညပိုင်းတွင်လည်း ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှစ်ခုအား မြိုင်(ပကဖ) တပ်ရင်း (၁) နှင့် ပေါက်ဗိုလ်တစ္ဆေအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများ ရှိနိုင်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်က ထုတ်ပြန်ထား သည်။mizzima

မင်းလှတွင် စစ်ကြောရေးတာဝန်ခံ၊ စရဖ တပ် ကြပ်ကြီး ချစ်ကို မူးယစ်ရမ်းကား သောင်း ကျန်းပြီး ပြည်သူများကို ရိုက်နှက်၊ ရဲတပ်သား မောင်ခိုင်ပါ အရိုက်ခံရ ပြီး ဒဏ်ရာရသဖြင့် စစ်တပ်နှင့်ရဲ အခြေအနေတင်းမာ

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောရေးတာဝန်ခံလည်းဖြစ် စစ်ဘက် ရေးရာ လုံ ခြုံရေး(စရဖ) တပ်ကြပ်ကြီးလည်းဖြစ်သူ ချစ်ကိုသည် မူးယစ် ရမ်း ကား သောင်းကျန်းပြီး ပြည်သူများကို ရိုက်နှက် အနိုင်ကျင့်မှုများ လုပ် ဆောင် နေသည့်အပြင် မင်းလှမြို့ရဲစခန်းမှ ရဲတပ်သား မောင်ခိုင်ကိုပါ ရိုက်နှက်သဖြင့် ရဲတပ်သား မောင်ခိုင် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မင်းလှမြို့တွင် စရဖ တပ်ကြပ်ကြီး ချစ်ကိုသည် နိုင်ငံရေးအကျဥ်းသားများနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကြောရေးတာဝန်ယူ ထားရသူဖြစ်ပြီး ဖမ်းဆီး လာသော နိုင်ငံရေး အကျဥ်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်သဖြင့် နာမည် ကြီးသူဖြစ်ကြောင်း ၊ ချစ်ကိုသည် အရက်သေစာ သောက် စားသူဖြစ်ပြီး အရက်မူး လာသည့် အခါတိုင်း လမ်းတွင် တွေ့သမျှ ပြည်သူ များကို ရိုက်နှက်ခြင်း၊ ဆိုင်ကယ်များကို တားဆီး၍ လက်နက်ပြ ခြိမ်း ခြောက် ငွေကြေး တောင်းခံ ရမ်းကားခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိ ရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ည ၉ နာရီအချိန် စရဖ တပ်ကြပ်ကြီး ချစ်ကိုသည် မင်း လှမြို့နယ် အမှတ် ၈ လမ်းဆုံးတွင် သောက်စား မူးယစ်ပြီး လာသမျှ ဆိုင်ကယ်၊ ကား ၊ လူများကို ဆဲဆို၍ ပါးရိုက်ခြင်း၊ သေနတ်ပြ ခြိမ်းခြောက်ခြင်း ၊ ဆက် ကြေး ကောက်ခံခြင်းများ ပြုလုပ်ကြောင်း၊ ထိုအချိန်တွင် ရဲတပ်သား မောင်ခိုင် သည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် စရဖ ချစ်ကိုက အကြောင်းမဲ့ ရိုက်နှက်သဖြင့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” မနေ့ည ၉ နာရီအချိန် မင်းလှမြို့အမှတ် ၈ လမ်းမဆုံမှာ စရဖ ချစ်ကိုက သောက်စားမူးရူးပြီး ပါးစပ်ကအဆဲမျိုးစုံဆဲတယ်။ လမ်းသွားလမ်းလာများအား တားဆီး၍ ကားတွေ့လျှင် ကားပေါ်မှဆင်းခိုင်းပြီး ကားပေါ်ပါသူတွေကို ပါးရိုက် တယ်။ ကျူရှင်မှပြန်လာတဲ့ အသက်မပြည့်တဲ့ ကျောင်းသား၊ ကျောင်း သူတွေ အပါအဝင် အားလုံးကို ဝါးရင်းတုတ်နဲ့ လိုက်ရိုက်တယ်။ အဲဒီအချိန်မှာ အ ရပ် ဝတ်နဲ့လာတဲ့ ရဲတပ်သားမောင်ခိုင်ကို ချစ်ကို က ရိုက်တယ်။ မောင်ခိုင်က ကျွန်တော် ရဲ ပါ လို့ပြောတာတောင် အသားကုန်ရိုက်တာ။ ရဲတပ်သား မောင် ခိုင် မှာ ဒဏ်ရာတွေ အတော်များများ ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

စရဖ ချစ်ကို၏ ရိုက်နှက်မှု ကြောင့် ဒဏ်ရာရရှိသွားသော ရဲတပ်သား မောင်ခိုင် က စခန်းသို့ ပြန်၍ စရဖ၏ ရိုက်နှက်မှု ခံရကြောင်း ရဲတပ်သားများကို ပြောပြရာ ရဲစခန်းအတွင်းမှ ရဲများက လက်နက်ကိုယ်စီ ကိုင်ဆောင်၍ စရဖချစ် ကိုနှင့် အ ဖွဲ့ ကို ပစ်ခတ်ရန် ထွက်လာစဉ် စခန်းမှူးက ရဲစခန်း တံခါးပိတ်ပြီး တားဆီး ခဲ့ကြောင်း သိရှိရသည်။

“စရဖရုံးစစ်ကြောရေးစခန်းက လဝကရုံးဘေးမှာ။ လဝကရုံးမှာလည်း ရဲအ စောင့် တွေရှိတော့ စရဖ ချစ်ကိုက ရဲတပ်သားမောင်ခိုင်ကို ရိုက်နှက် အနိုင် ကျင့်တာကို ပြန်ကြားကြတော့ အားလုံးဒေါသထွက်ကြတယ်။ သေနတ် တကား ကား တောက်တခေါက်ခေါက်ဖြစ်နေကြတယ်။ အခြေအနေကတော့ ရဲနဲ့စစ်တပ်နဲ့ တင်းမာနေကြတာ” ဟု ရဲသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

မကွေးတိုင်းတွင် စစ်တပ်က ရဲများကို အနိုင်ကျင့် ဖိနှိပ်မှုများ များစွာရှိနေသဖြင့် စစ်တပ်နှင့်ရဲများအကြား မကြာခဏ ဆိုသလို ပြဿနာများဖြစ်ပွားလေ့ ရှိ ကြောင်း သိရှိရသည်။ khit thit

တမူးမြို့ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရန်ပုံငွေ ကံစမ်းမဲအစီအစဉ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရေးအတွက် လိုအပ်နေသော ရန်ပုံငွေကံစမ်းမဲအစီအစဉ်ပြုလုပ်နေကြောင်း သိရသည်။

ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်မှ စတင်ကာ ရောင်းချ နေပြီဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူ့လုံခြုံရေးကံစမ်းမဲအစီအစဉ်တွင် ကံထူးရှင်များအား ပထမဆုအဖြစ် Honda Click 2020 ၊ ဒုတိယဆုအဖြစ် Honda Ray ZR တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ကံထူးရှင် ရွေးချယ်ပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် ရရှိလာသောရန်ပုံငွေများဖြင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရာတွင် စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် စိုးမိုးနယ်မြေတွင်နေထိုင်သည့် ပြည်သူလူထုအား လုံခြုံမှု အကာအကွယ်‌ပေးရန်၊ မှုခင်းဖြစ်ပွားမှုများကို ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီလက်ပါးစေများကို ဥပဒေနှင့်အညီ ဖော်ထုတ်ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူရန် စစ်ကောင်စီအဖွဲ့ဝင်များက ပြည်သူလူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများအား တည်ဆဲဥပဒေများနှင့် အပြစ်ပေးအရေးယူရန်၊ လတ်တလော အခြေအနေအရမဖြစ်နိုင်ပါက မှတ်တမ်းတင်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် တရာဥပဒေစိုးမိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက် ပွဲဝင်ရန်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ mizzima

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ၃ ကြိမ်မြောက် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တစ်ကြိမ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဒုတိယအ ကြိမ်၊ ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ တွင် တတိယအကြိမ် အဖြစ် စစ်ကြောင်း ထိုးလာ ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် သုံးလင့်၊ ကိုင်းပြင်၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ကျေးရွာ များမှ အိမ်ထောင် စု ၁၀၅၀ ‌ကျော် ၊ လူဦးရေ ၈၇၅၀ ကျော် ဘေးလွတ် ရာနေရာ များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်ရွာတွေကို အပြောင်ရှင်းနေတာ။ မန္တလေး တိုင်း ဘက်ကို ကာတဲ့သဘောနေမယ်။ အခု စစ်ကိုင်းမြို့နယ်ဘက်မှာ စစ် ကြောင်း ထိုးလာတာ ၃ ကြိမ်မြောက်ပဲ” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်း စစ် ကြောင်း ထိုးစဉ် မြင်းဆည်ရွာမှ နေအိမ် ၁ လုံး၊ လက်ပံတောရွာမှ နေအိမ် ၁ လုံး၊ လက်ပံတောဘုန်းကြီးကျောင်း၀င်းအတွင်း အဆောင် ၂ လုံး မီးရှို့ ဖျက် ဆီး ခဲ့ကြောင်း၊ ဒုတိယအကြိမ် အဖြစ် ဒီဇင်ဘာ ၂၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၈ ရက် နေ့ စစ်ကြောင်းထိုးစဉ် မြင်းဆည်ရွာ လူနေအိမ် ၇၈ လုံး၊ သုံးလင့်ရွာ နေ အိမ် ၁၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြင်းဆည်ရွာမှ သက်ကြီးရွယ်အို ၁ ဦးကိုလည်း စစ်တပ်က မီးရှို့ သတ် ဖြတ်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသား ၃ ဦး အအေးမိသေဆုံးခဲ့ကြောင်း၊ ယနေ့ တွင် သုံးလင့်ရွာ ‌လူနေအိမ်တစ်လုံးမီးရှို့ကာ အုန်းတော ခြေရာတော်တောင် စစ်တပ်ထဲပြန်၀င်သွားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးနိုင်သဖြင့် ပြည်သူများ နေရပ်မပြန် နိုင်သေး ဘဲ တောထဲ တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။khit thit

ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ရှောင်များကို စစ်ကောင်စီတပ်က နေရပ်ပြန်ရန် ဖိအားပေးနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့်ထွက်ပြေးနေရသည့် ဒေသခံများအား နေရပ်သို့ပြန်လာရန် ဖိအားပေးနေပြီး ပြန်မလာ ပါက ထပ်မံမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

ရှပ်ပုံဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က မီးရှို့ထားလို့ ရွာထဲကို ဘယ်သူမှ ပြန်မဝင်ရဲကြဘူး။ အခုလည်း ရွာထဲကိုပြန်လာဖို့ အတင်ဖိအားပေးပြန်ခေါ်နေတယ်။ မလာရင် ရွာကိုထပ်ပြီးမီးရှို့မယ် ပြော နေတယ်”ဟု ဆိုသည်။

ပုလောမြို့နယ် ရှပ်ပုံရွာမှ ပြည်သူများ၏နေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးထားပြီး အိမ်ခြေ ၂,၅၀၀ ကျော်မှ လူဦးရေ ၁၅,၀၀၀ ကျော်သည် နီးစပ်ရာ တောတောင်များ နှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေး‌တိမ်းရှောင်နေကြရပြီး ယနေ့ထိ အိမ်မပြန်နိုင်ကြသေးကြောင်းသိရ သည်။ လက်ရှိတွင် စစ်ရှောင်များအတွက် ဆေးဝါးနှင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ပုလော (ပအဖ)ထံမှ သိရ သည်။

ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့က မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ငါးလုံး၊ စပါးကျီတစ်ခုနှင့် ရာဘာခြံတစ်ခြံ လောင်ကျွမ်းခဲ့သည်။ mizzima

ရွာပေါင်းစုံ သပိတ်စစ်ကြောင်း “တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

khit thit

ရန်ကုန်က မြို့နယ်တော်တော်များများ ရေပြတ်နေသဖြင့် အခက်အခဲကြုံနေ

ရန်ကုန်က မြို့နယ်တော်တော်များများ ရေပြတ်နေတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေပေးဝေနေတဲ့ မြို့တော်စည်ပင်က ကြိုတင်အသိပေးတာမရှိဘဲ ရေပြတ်သွားတာကြောင့် စုဆောင်းသိုလှောင်တာ မလုပ်ခဲ့ရဘူးလို့ ရန်ကုန်မြို့နေတွေက ပြောပါတယ်။

“ဘာမှမသိလိုက်ရဘူး။ မနေ့ကတည်းက ရေမလာတာ။ ခုလည်း ဘယ်အချိန်အထိ ပြတ်မယ်ဆိုတာ မသိရသေးဘူး” လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

လှော်ကားရေလှောင်ကန်ကနေ ရေသွယ်ယူလာတဲ့ ၆၆ လက်မ ရေပိုက် ပျက်စီးတာကြောင့် ပြင်ဆင်နေတာလို့ စုံစမ်းသိရပေမယ့် တာဝန်ရှိတဲ့ စည်ပင်သာယာ ဘက်ကတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က “၂ ရက်လောက်ကြာမယ်လို့တော့ သိရတယ်။ ၂၂ ရက်နေ့ ညနေ ဒါမှမဟုတ် ၂၃ ရက် မနက်မှာ ပြန်ရမယ်လို့ သိရတယ်။ အတိအကျတော့ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်မနက်ကစလို့ ရေပြတ်သွားတာဖြစ်ပြီး တချို့မြို့နယ်တွေက နေရာတချို့ကတော့ အခုအချိန်ထိရေရနေသေးတယ်လို့ ဆိုပါတယ်။ ဒါကလည်း ရေပေးဝေတဲ့ ပိုက်ရဲ့ အကျယ်နဲ့ ပိုက်ထဲမှာ ရေကျန်ရှိတဲ့ပမာဏ၊ မြေပြင်အနိမ့်အမြင့်ပေါ်မူတည်ပြီး ရတာဖြစ်မယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“အိမ်မှာရေပြတ်လို့ ခေါင်းလျှော်မယ်ဆိုပြီး ဆိုင်ကိုသွားတော့လည်း ဆိုင်မှာ လူတွေတန်းစီရတယ်။ ဆိုင်မှာလည်း ရေမရတော့ ခေါင်းလျှော်ရဖို့တောင် မသေချာဘူး” လို့ ရန်ကုန်မြို့နေသူတယောက်က ပြောပါတယ်။

စုံစမ်းသိရသလောက်တော့ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှာ ရေပြတ်နေတာပါ။

ဒါ့အပြင် မနေ့ညပိုင်းက ဘီလူးချောင်း ၂- တီကျစ်ဓာတ်အားလိုင်းက တိုင်တတိုင် လဲကျပျက်စီးသွားတာကြောင့် ရန်ကုန်တိုင်းက နေရာတချို့မှာ မီးပြတ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။DVB

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်တွင် တိုက် ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြိုင်မြို့နယ်၊ သရက် ကွရွာ စစ်စခန်းကို တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ် တပ်ဖွဲ့များ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း သံတောင် မြောက်ပိုင်း အထူးဒေသ တပ်ဖွဲ့ (NTDF) မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သံတောင်မြို့နယ်နှင့် ရေတာရှည်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ လိပ်သို ၆၀၃ ဗျူဟာတပ်၊ ထုံးဘိုကြီး စခန်း၊ ဇလဲ စခန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကား ၅ စီးကိုပါ ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၆၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရဲကုန်း ကျေးရွာအုပ်စု ကြာကန် လိပ်သို (ထုံးဘိုကြီး) ဗျူ ဟာလမ်းဘေး ဘောဓိကုန်းနှင့် ရေပြားကုန်း အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ခွေး ၆၀ ဦးခန့် သေဆုံးတယ်။ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှ ၂ ရက်ဆက် တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်တယ်။ အဲမှာ စစ်ခွေး ၃၀ ခန့် သေတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ပွဲ ၁ ကြိမ်ထပ်ဖြစ်တယ် စစ်ခွေး အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထပ်မနည်း သေတယ်” ဟု သံတောင် မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူစောထီး)ရွာရှိ ဘန်ကာအားဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိပြီး မြိုင်မြို့ရှိဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာသော ပျူစောထီးအဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူစေထီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)စောထီးများ ကင်းစောင့် နေ သည့် ဘန်ကာအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဒဏ်ရာရရှိသော ပျူစောထီး ၂ ဦးကို မြိုင်မြို့နယ်ဆေးရုံသို့ သွားရောက်ပို့ ဆောင်ပြီး ရွာသို့ ပြန်လာသော ပျူစောထီးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ များက ကင်း ပုန်းဝပ် ထပ်မံတိုက်ခိုက်ရာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘန်ကာကို ဝင်တိုက်လို့ ဒဏ်ရာရတဲ့ ပျူစောထီး နှစ်ကောင်က မြိုင်ဆေးရုံမှာ မနေ့က သေသွားပြီ၊ သူ တို့ကို ဆေးရုံပို့ပြီး ပြန်လာတဲ့အဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့တာ ပျူနှစ်ကောင်သေတယ်၊ ၈ ကောင်ဒဏ်ရ တယ်၊ အဲဒီနေ့က တိုက်ပွဲမှာ ပျူလေးကောင်သေသွားတာပေါ့” ဟု ဝံပုလွေပြောက် ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ -၁၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စင်္ကြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ MVPRF ၊ Hero New GZ ၊ Myaing warriors၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) နှင့် ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ khit thit

တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက် အလက်များ လျှို့ဝှက်ပေးပို့ရန် စစ်ကောင်စီတိုက်တွန်းနေ

တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက်အလက်များကို လျှို့ဝှက်ပေးပို့ရန်အတွက် စစ်ကောင်စီ လက်အောက်ခံမီဒီယာများက နေ့စဉ်တိုက် တွန်းလျက်ရှိနေသည်။

ပြည်သူလူထုထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကို အကြမ်းဖက်အဖွဲ့ များဟုသုံးနှုန်းထားပြီး ကူညီထောက်ပံ့မှုမပြုရန်နှင့် လက်နက်ခဲယမ်းတင် ဆောင်မှုသတင်းများကို ပေးကြ ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

အထူးသဖြင့် စစ်ကောင်စီသည် ပြည်သူများ၏ အသက်အိုးစိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက်ဟုဆိုကာ တော်လှန်ရေးအဖွဲ့များတွင်ပါဝင်သူ များနှင့် လက်နက်ခဲယမ်းများသယ်ဆောင်မှုသတင်းကို ရရှိနိုင်ရန် အတွက် တိုက်တွန်းခြင်းဖြစ်သည်။

စစ်ကောင်စီ၏တိုက်တွန်းမှုအပေါ် စစ်တပ်မှထွက်လာသည့် CDM အရာရှိ လရောင်က “သူတို့ရဲ့ ပုံမှန် သတင်းကွင်းဆက်ကရှိပြီးသားပါ။ ပြည်သူတွေကြားမှာ နည်းနည်းသက်ရောက်မှုရှိအောင် ထုတ်ပြန်တာ လို့ပဲမြင်ပါတယ်။ သူတို့ ထုတ်ပြန်ပြန် မပြန်ပြန် ပြည်သူတွေကတော့ ပူးပေါင်းမှာမဟုတ်ဘူး။ သူတို့လူတွေ ကသာ သူတို့ကို ပူးပေါင်းတာမျိုးပဲရှိမှာပါ။ ပြည်သူတွေကို သက်ရောက်မှုတစ်ခုဖြစ်အောင် လုပ်တာလို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် သတင်းအချက်အလက်ရယူသည့် လုပ်ငန်းစဉ်ကို ပုံစံအမျိုးမျိုးဖြင့် တော်လှန်ရေးအဖွဲ့ များ၏ သတင်းအချက်အလက်များကို ပုံမှန်ရယူနေသည့်အတွက် ထိုသို့ထုတ်ပြန်မှုသည် ပြည်သူများက တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်ဟု မြင်စေရန်အတွက် ဝါဒဖြန့်ခြင်းတစ်မျိုးသာဖြစ်သည်ဟု ၎င်းက ယူဆသည်။

တော်လှန်ရေးသမားများ အသွင်ဆောင်ခြင်း၊ ထောက်ပံ့သူများအဖြစ် အသွင်ဆောင်ခြင်း၊ စစ်ကြောရေး စခန်းတွင်ရရှိသော အချက်အလက်များအရ စောင့်ကြည့်ခြင်း၊ ကြားဖြတ်နားထောင်ခြင်း စသည်တို့ဖြင့် စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များ၏ အချက်အလက်များကိုရယူကာ ဖမ်းဆီးမှုများ၊ စစ်ရေးဆုံး ဖြတ်ချက်များကို ပြုလုပ်သည်။

တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ စစ်ကောင်စီသည် သူလျှိုဒလန်များလွှတ်၍ အချက်အလက် များရယူခြင်း၊ သွေးခွဲခြင်းများပြုလုပ်လာနိုင်သည့်အတွက် စစ်ကောင်စီ၏ တပ်ဖွဲ့မှ CDM ပြုလုပ် လာမည့် သူများကအစ အထူးသတိထား စောင့်ကြည့်ရန်လိုအပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သတိပေး သည်။

“နောက်ပိုင်းဝင်လာတဲ့ သူတွေဆိုရင် ကျနော်တို့အရမ်း စိစစ်သင့်တယ်။ လက်ခံမယ်ဆိုရင်တောင်မှပဲ သူတို့ကို သီးခြားထားသင့်တယ်။ အခြားစစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး လုံးဝပေးမသိတာမျိုးပဲ ဖြစ်သင့်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်ရွှေ့ပြောင်းမှု၊ စစ်ကြောင်းချီမှုသ တင်းများကို ပြည်သူလူထုသည် တော်လှန်ရေးအဖွဲ့များထံသို့ ပုံစံ အမျိုးမျိုးဖြင့်ပေးပို့လျက်ရှိနေကြသည်။

ပြည်သူများအပြင် စစ်ကောင်စီ၏လက်အောက်ခံရုံးများတွင် အလုပ်လုပ်ကိုင်နေသူများသည်လည်း သတင်းအချက်အလက်များကို ပုံမှန်ပေးပို့နေသည်။ ထို့ကြောင့် ၎င်းတို့ကို “ဖရဲသီးများ” ဟုပင် တင်စား ခေါ်ဝေါ်နေကြပြီဖြစ်သည်။

စစ်ဖြစ်နေသည့်ကာလတွင် သတင်းအချက်အလက်ရရှိမှုသည် လက်နက်အင်အားနည်းတူအရေးပါသော အခန်းကဏ္ဍတစ်ခုပင် ဖြစ်သည်။ ထို့ ကြောင့် စစ်ကောင်စီသည် တော်လှန်ရေးဖွဲ့များ၏ သတင်းအချက် အလက်များကိုပေးပါက ဆုများပေးအပ်မည်ဟုပင် စည်းရုံးမှုများရှိသည်။

မည်သို့ပင်စည်းရုံးမှုများ ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုထံမှ သတင်းအချက်အလက်ရရှိမှု အနည်းငယ် သာရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အကြမ်းဖျက် တိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေတ်သစ် မီဒီယာက ရရှိခဲ့သည့် အစည်းအဝေးမှတ်တမ်းတွင်တွေ့ရသည်။

အဆိုပါအစည်းအဝေးတွင် သတင်းအလက်ရယူရန် လူပုဂ္ဂိုလ်ဖြင့် ရယူခြင်းနှင့် နည်းပညာဖြင့် ရယူခြင်း နည်းလမ်း နှစ်ခုစလုံးကို အသုံးပြုနိင်ရန်အတွက်လည်း ညွှန်ကြားခဲ့သည်။

အာဏာသိမ်းပြီးဖွဲ့စည်းထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှစစ်ရာဇဝတ်မှုများကို ကျူး လွန်နေသော်လည်း ပြည်သူလူထုထောက်ခံမှုရရှိထားသည့် တော်လှန်ရေးအဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြည်သူလူထုအထင်မှားရန် ပြော ဆိုနေပြီး နှိမ်နင်းရန် အတွက် ကြိုးစားနေသည်လည်း ကိုတွေ့ရသည်။mizzima

« Older Entries