တမူးမြို့ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရန်ပုံငွေ ကံစမ်းမဲအစီအစဉ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရေးအတွက် လိုအပ်နေသော ရန်ပုံငွေကံစမ်းမဲအစီအစဉ်ပြုလုပ်နေကြောင်း သိရသည်။
ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်မှ စတင်ကာ ရောင်းချ နေပြီဖြစ်ကြောင်း အသိပေးထားသည်။
ပြည်သူ့လုံခြုံရေးကံစမ်းမဲအစီအစဉ်တွင် ကံထူးရှင်များအား ပထမဆုအဖြစ် Honda Click 2020 ၊ ဒုတိယဆုအဖြစ် Honda Ray ZR တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ကံထူးရှင် ရွေးချယ်ပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် ရရှိလာသောရန်ပုံငွေများဖြင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရာတွင် စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် စိုးမိုးနယ်မြေတွင်နေထိုင်သည့် ပြည်သူလူထုအား လုံခြုံမှု အကာအကွယ်ပေးရန်၊ မှုခင်းဖြစ်ပွားမှုများကို ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီလက်ပါးစေများကို ဥပဒေနှင့်အညီ ဖော်ထုတ်ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူရန် စစ်ကောင်စီအဖွဲ့ဝင်များက ပြည်သူလူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများအား တည်ဆဲဥပဒေများနှင့် အပြစ်ပေးအရေးယူရန်၊ လတ်တလော အခြေအနေအရမဖြစ်နိုင်ပါက မှတ်တမ်းတင်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် တရာဥပဒေစိုးမိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက် ပွဲဝင်ရန်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ mizzima