တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက် အလက်များ လျှို့ဝှက်ပေးပို့ရန် စစ်ကောင်စီတိုက်တွန်းနေ

တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက်အလက်များကို လျှို့ဝှက်ပေးပို့ရန်အတွက် စစ်ကောင်စီ လက်အောက်ခံမီဒီယာများက နေ့စဉ်တိုက် တွန်းလျက်ရှိနေသည်။
ပြည်သူလူထုထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကို အကြမ်းဖက်အဖွဲ့ များဟုသုံးနှုန်းထားပြီး ကူညီထောက်ပံ့မှုမပြုရန်နှင့် လက်နက်ခဲယမ်းတင် ဆောင်မှုသတင်းများကို ပေးကြ ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
အထူးသဖြင့် စစ်ကောင်စီသည် ပြည်သူများ၏ အသက်အိုးစိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက်ဟုဆိုကာ တော်လှန်ရေးအဖွဲ့များတွင်ပါဝင်သူ များနှင့် လက်နက်ခဲယမ်းများသယ်ဆောင်မှုသတင်းကို ရရှိနိုင်ရန် အတွက် တိုက်တွန်းခြင်းဖြစ်သည်။
စစ်ကောင်စီ၏တိုက်တွန်းမှုအပေါ် စစ်တပ်မှထွက်လာသည့် CDM အရာရှိ လရောင်က “သူတို့ရဲ့ ပုံမှန် သတင်းကွင်းဆက်ကရှိပြီးသားပါ။ ပြည်သူတွေကြားမှာ နည်းနည်းသက်ရောက်မှုရှိအောင် ထုတ်ပြန်တာ လို့ပဲမြင်ပါတယ်။ သူတို့ ထုတ်ပြန်ပြန် မပြန်ပြန် ပြည်သူတွေကတော့ ပူးပေါင်းမှာမဟုတ်ဘူး။ သူတို့လူတွေ ကသာ သူတို့ကို ပူးပေါင်းတာမျိုးပဲရှိမှာပါ။ ပြည်သူတွေကို သက်ရောက်မှုတစ်ခုဖြစ်အောင် လုပ်တာလို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီသည် သတင်းအချက်အလက်ရယူသည့် လုပ်ငန်းစဉ်ကို ပုံစံအမျိုးမျိုးဖြင့် တော်လှန်ရေးအဖွဲ့ များ၏ သတင်းအချက်အလက်များကို ပုံမှန်ရယူနေသည့်အတွက် ထိုသို့ထုတ်ပြန်မှုသည် ပြည်သူများက တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်ဟု မြင်စေရန်အတွက် ဝါဒဖြန့်ခြင်းတစ်မျိုးသာဖြစ်သည်ဟု ၎င်းက ယူဆသည်။
တော်လှန်ရေးသမားများ အသွင်ဆောင်ခြင်း၊ ထောက်ပံ့သူများအဖြစ် အသွင်ဆောင်ခြင်း၊ စစ်ကြောရေး စခန်းတွင်ရရှိသော အချက်အလက်များအရ စောင့်ကြည့်ခြင်း၊ ကြားဖြတ်နားထောင်ခြင်း စသည်တို့ဖြင့် စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များ၏ အချက်အလက်များကိုရယူကာ ဖမ်းဆီးမှုများ၊ စစ်ရေးဆုံး ဖြတ်ချက်များကို ပြုလုပ်သည်။
တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ စစ်ကောင်စီသည် သူလျှိုဒလန်များလွှတ်၍ အချက်အလက် များရယူခြင်း၊ သွေးခွဲခြင်းများပြုလုပ်လာနိုင်သည့်အတွက် စစ်ကောင်စီ၏ တပ်ဖွဲ့မှ CDM ပြုလုပ် လာမည့် သူများကအစ အထူးသတိထား စောင့်ကြည့်ရန်လိုအပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သတိပေး သည်။
“နောက်ပိုင်းဝင်လာတဲ့ သူတွေဆိုရင် ကျနော်တို့အရမ်း စိစစ်သင့်တယ်။ လက်ခံမယ်ဆိုရင်တောင်မှပဲ သူတို့ကို သီးခြားထားသင့်တယ်။ အခြားစစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး လုံးဝပေးမသိတာမျိုးပဲ ဖြစ်သင့်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်ရွှေ့ပြောင်းမှု၊ စစ်ကြောင်းချီမှုသ တင်းများကို ပြည်သူလူထုသည် တော်လှန်ရေးအဖွဲ့များထံသို့ ပုံစံ အမျိုးမျိုးဖြင့်ပေးပို့လျက်ရှိနေကြသည်။
ပြည်သူများအပြင် စစ်ကောင်စီ၏လက်အောက်ခံရုံးများတွင် အလုပ်လုပ်ကိုင်နေသူများသည်လည်း သတင်းအချက်အလက်များကို ပုံမှန်ပေးပို့နေသည်။ ထို့ကြောင့် ၎င်းတို့ကို “ဖရဲသီးများ” ဟုပင် တင်စား ခေါ်ဝေါ်နေကြပြီဖြစ်သည်။
စစ်ဖြစ်နေသည့်ကာလတွင် သတင်းအချက်အလက်ရရှိမှုသည် လက်နက်အင်အားနည်းတူအရေးပါသော အခန်းကဏ္ဍတစ်ခုပင် ဖြစ်သည်။ ထို့ ကြောင့် စစ်ကောင်စီသည် တော်လှန်ရေးဖွဲ့များ၏ သတင်းအချက် အလက်များကိုပေးပါက ဆုများပေးအပ်မည်ဟုပင် စည်းရုံးမှုများရှိသည်။
မည်သို့ပင်စည်းရုံးမှုများ ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုထံမှ သတင်းအချက်အလက်ရရှိမှု အနည်းငယ် သာရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အကြမ်းဖျက် တိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေတ်သစ် မီဒီယာက ရရှိခဲ့သည့် အစည်းအဝေးမှတ်တမ်းတွင်တွေ့ရသည်။
အဆိုပါအစည်းအဝေးတွင် သတင်းအလက်ရယူရန် လူပုဂ္ဂိုလ်ဖြင့် ရယူခြင်းနှင့် နည်းပညာဖြင့် ရယူခြင်း နည်းလမ်း နှစ်ခုစလုံးကို အသုံးပြုနိင်ရန်အတွက်လည်း ညွှန်ကြားခဲ့သည်။
အာဏာသိမ်းပြီးဖွဲ့စည်းထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှစစ်ရာဇဝတ်မှုများကို ကျူး လွန်နေသော်လည်း ပြည်သူလူထုထောက်ခံမှုရရှိထားသည့် တော်လှန်ရေးအဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြည်သူလူထုအထင်မှားရန် ပြော ဆိုနေပြီး နှိမ်နင်းရန် အတွက် ကြိုးစားနေသည်လည်း ကိုတွေ့ရသည်။mizzima