ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ရှောင်များကို စစ်ကောင်စီတပ်က နေရပ်ပြန်ရန် ဖိအားပေးနေ


တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့်ထွက်ပြေးနေရသည့် ဒေသခံများအား နေရပ်သို့ပြန်လာရန် ဖိအားပေးနေပြီး ပြန်မလာ ပါက ထပ်မံမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
ရှပ်ပုံဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က မီးရှို့ထားလို့ ရွာထဲကို ဘယ်သူမှ ပြန်မဝင်ရဲကြဘူး။ အခုလည်း ရွာထဲကိုပြန်လာဖို့ အတင်ဖိအားပေးပြန်ခေါ်နေတယ်။ မလာရင် ရွာကိုထပ်ပြီးမီးရှို့မယ် ပြော နေတယ်”ဟု ဆိုသည်။
ပုလောမြို့နယ် ရှပ်ပုံရွာမှ ပြည်သူများ၏နေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးထားပြီး အိမ်ခြေ ၂,၅၀၀ ကျော်မှ လူဦးရေ ၁၅,၀၀၀ ကျော်သည် နီးစပ်ရာ တောတောင်များ နှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ထိ အိမ်မပြန်နိုင်ကြသေးကြောင်းသိရ သည်။ လက်ရှိတွင် စစ်ရှောင်များအတွက် ဆေးဝါးနှင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ပုလော (ပအဖ)ထံမှ သိရ သည်။
ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့က မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ငါးလုံး၊ စပါးကျီတစ်ခုနှင့် ရာဘာခြံတစ်ခြံ လောင်ကျွမ်းခဲ့သည်။ mizzima