မတူပီ၊ ပေါက်၊ ပခုက္ကူ တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၃၅ ဦးသေဆုံးကာ လက်နက် ၁ လက်ရရှိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် ပေါက်မြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးခဲ့ ကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

မတူပီတွင် စစ်သား ၁၇ ဦးသေဆုံး

==================

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မှ စတင်ပြီး အထူးစစ်ဆင်ရေးတစ်ခုကို မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်တပ် ရှေ့တန်း ကာကင်းစခန်းအား ဝင်ရောက်စီးနင်း တိုက်ခဲ့ ကြောင်း သိရှိရသည်။

စစ်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရေးနိမ့်နေသော စစ်တပ် ကာကင်းစခန်းသို့ စစ်ကူလာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ထပ်မံကြား ဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ဒဏ် ရာ ရသူ အများအပြားရရှိခဲ့ကြောင်း၊ CDF-MATUPI က စစ်တပ်၏ လက် နက် MA-1 တစ်လက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ အတွင်း CDF Matupi မှ မင်းတပ်လမ်းတွင် တိုက်ပွဲ ၂ ကြိမ်၊ ဟားခါးလမ်းတွင် ၃ ကြိမ်၊ စုစုပေါင်း ၅ ကြိမ်တိတိ ဖော် ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF – Matupi တပ်ရင်း ၂ ထိန်းချုပ် နယ်မြေ၊ မတူပီမြို့နယ်၊ ငလိုင်ကျေး ရွာနှင့် ခရိုင်ရုံးကြားတွင်တစ်ကြိမ်၊ ခရိုင်ရုံး အိုးအိမ် ထိပ်တွင် တစ်ကြိမ်နှင့် ဖနိုင်ဘုန်းကြီးကျောင်းတွင် တစ်ကြိမ်စုစုပေါင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း CDF –Matupi က ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် CDF –Matupi ၊ CDF – Mara ၊ CDF Zotung တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။

ပေါက်နှင့်ပခုက္ကူမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၁၈ ဦးသေဆုံး

=====================================

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်အချိန် မကွေးတိုင်း၊ ပေါက် မြို့နယ်၊ အိမ်တွင်းအမှု အသက်မွေး သင်တန်းကျောင်းရှိ အ ကြမ်းဖက် စစ်သား၊ ရဲများစောင့်နေသော ဂိတ်နှစ်ခုကို မြိုင်ပကဖ တပ်ရင်း ၁ နှင့် ပေါက် ဗိုလ် တစ္ဆေ အဖွဲ့တို့ပူ‌ပေါင်းပြီး တိုက် ခိုက်ခဲ့ရာ စစ် သား၊ ရဲများထိခိုက် သေဆုံး မှု ရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်ညနေ ၆ နာရီ မိနစ် ၂၀ မှ ၆ နာရီ ၃၂ မိနစ် အထိ ပခုက္ကူမြို့နယ်၊ ကောင်း ဆက်ဝိုင် ဆီပန့်ဆိုင်နှင့် ကန်တော် ကျေး ရွာ အကြား၌ အဖြူရောင်အိမ်စီးကား တစ်စီးဖြင့် ကင်းပုန်းလာဝပ် သော အကြမ်း ဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၅ ဦးသေဆုံး ခဲ့ကြောင်း သိရ သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်သား၁ ဦးက နေရာယူပြီး တရစပ် ပစ်ခတ် နေ သည့်အပြင် အနီးရှိ ဘုန်းကံရွာမှ လက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်း၊ ဘုန်းကံရွာမှ ပစ်ကူပေးသော လက်နက်ကြီးတစ်ခု ပြောင်းကွဲကာ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီး တောက်လျှောက်ပစ်နေတာရတယ်၊ ကျန်တဲ့ စစ် ခွေးတစ်ကောင်က လည်း တရစပ်ပစ်နေ တာရယ်ကြောင့် လက်နက် ကောက် ချိန်မရဘဲ ပြန်ဆုတ်လာခဲ့ရတယ်၊”ဟု မြိုင် ပကဖ မှတာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်အချိန် ပခုက္ကူဘက်မှ ကမ္မဘက် သို့ ထွက်လာသော ဖောကား ၆ စီးဖြင့် တက်လာသည့် စစ် ကြောင်းကို မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကားများဖြင့် ပခုက္ကူသို့ပြန်သယ် သွား ပြီး ဖောက်ခွဲတိုက်ခိုက်ခံရ သည့်နေရာကို စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ရမ်းသမ်းပစ် ခတ်နေ ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s