ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းများ နာရီဝက်ကျော်အတွင်း ရောင်းကုန်

ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေ ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း ၃ ခန်းတွဲနဲ့ ၁ ခန်းတွဲ အခန်းအားလုံး ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ရဲရင့်နွေဦး ကွန်ဒိုက 3-Bedroom အခန်းပေါင်း ၃၆၀ ကို  ၃၃ မိနစ်အတွင်း ရောင်းကုန်ခဲ့သလို အခန်း ၇၇၀ ရှိတဲ့ 1-Bedroom အခန်း (၁၀၀) ကိုလည်း ရောင်းကုန်သွားတာလို့ သိရပါတယ်။

စတင်ရောင်းချမယ့်နေ့မတိုင်ခင်ကလည်း ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် အခန်းအရေအတွက် ၃၀၀ ကျော်ကို ကြိုတင်ဝယ်ယူမယ့် အမှာစာတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့လည်း NUG ဘက်ကထုတ်ပြန်ထားပါတယ်။

ရဲရင့်နွေဦးကွန်ဒိုအခန်းတွေကို ၃ လပြတ် အရစ်ကျစနစ်နဲ့ အများဆုံး ရောင်းချနေတာဖြစ်ပြီး NUG ကရောင်းချပေးနေတဲ့ ကွန်ဒိုတိုက်ခန်းခတွေဟာ စျေးနှုန်းအရ ဆယ်ဆလောက်သက်သာတဲ့အတွက် ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ အကြမ်းဖက်တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် NUG ရဲ့ ၂၀၂၃ စီမံကိန်းတွေထဲက ပထမဆုံး စီမံ ကိန်းအနေနဲ့ အမျိုးအစား ၄ မျိုး အခန်းပေါင်း ၈၅၀ ပါတဲ့ ရဲရင့်နွေဦးကွန်ဒိုကို စတင်ရောင်းချနေတာဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s