အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့မှ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့မှ စစ်ကောင်စီဂိတ်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၇ မိနစ်ခန့်တွင် ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရာတော်မြို့အနောက်ဘက်အထွက် လမ်းမပေါ်ရှိ စက်မှုလယ်ယာ အကြမ်းဖက်စစ်ကောင်စီဂိတ်အား Drone ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိ၍ သေဆုံး မှုရှိနိုင်သည်ဟု စောင့်ကြည့်ကင်းထောက်များထံမှသိရသည်” ဟု Danger Force LPDF က သတင်းထုတ် ပြန်ထားသည်။
“လူနာတင်ကားတစ်စီးရောက်လာပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့ စစ်သားသုံးယောက်ကို တင်သွား တယ်၊ ဆေးကုပေးနေတယ်လို့ ပြန်သိရတယ်၊ ကျွန်တော်တို့ Mission(တိုက်ခိုက်မှု)တွေ ဆက်လုပ်နိုင် အောင် မိဘပြည်သူတွေရဲ့အကူအညီ လိုအပ်နေပါတယ်” ဟု Danger Force LPDF ပြန်ကြားရေး တာ၀န်ခံက မဇ္စျိမသို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF နှင့်အတူ Ngwe Dwin Revolution Force(NDRF)နှင့် MRTF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Danger Force LPDF နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ယခုတိုက် ခိုက်ခဲ့သည့် စစ်ကောင်စီဂိတ်အား Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ခိုက်မှုကို Danger Force LPDFနှင့်အတူ Ngwe Dwin Revolution Force(NDRF)၊ Zero ပြောက်ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့နှင့် အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။mizzima