NUG က E – Police Station များ ဖွဲ့စည်းပြီးနောက် NLD ရုံး ပိုင်ရှင် မိသားစု ကို သတ် ဖြတ်ခဲ့သည့် တရားခံ ၁ ဦးကို စတင် ဖမ်းမိ

အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ ပြည်သူ့ရဲတပ် ဖွဲ့လက်အောက်တွင် E –Police Station ဖွဲ့စည်း ကြောင်း ကြေညာပြီးနောက် NLD ရုံး ပိုင်ရှင် မိသားစုကို သတ်ဖြတ်ခဲ့ သည့် တရားခံ ၁ ဦးကို ဖမ်းမိထားကြောင်း NUG ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာနက သ တင်း ထုတ်ပြန် ထားသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင် ကျေးရွာရှိ NLD ရုံး ပိုင်ရှင် ဦးကျော် လှိုင် နှင့်မိသားစုကို သတ်ဖြတ်သွားသူ များအနက်မှ တရားခံ တစ်ဦး ဖြစ်သူ ရဲမင်းနောင်ကို ဖမ်းဆီးရရှိခဲ့ကြောင်း NUG၊ ပြည်ထဲရေးနှင့် လူ ဝင်မှုကြီး ကြပ် ရေးဝန်ကြီး ဌာနထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ ရဲမင်းနောင်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က ဘန့်ဘလူမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ဖမ်း ဆီးရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပျူစောထီးသင်တန်း တက် ရောက် ပြီးသူဖြစ်သည့်အပြင် ပြီးခဲ့ သည့်ဇန်န ဝါရီလ ၁၃ ရက်နေ့က ငါးမြောင်ကျေးရွာရှိ NLD ရုံး ပိုင်ရှင်မိသားစုကို သတ် ဖြတ်သူများ အနက်မှ တရားခံတစ်ဦးဖြစ်သည်ကို စစ်ဆေးပေါက်ပေါက်ခဲ့ကြောင်း NUG ၊ ပြည်ထဲရေးနှင့် လူ ဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လူသတ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သည့် ရဲမင်းနောင်ကို လူ့အခွင့် အရေး စံချိန်စံနှုန်းများ နှင့် အညီ ထိန်းသိန်းထားပြီး ကျန်တ ရားခံများ ဖမ်းဆီး ရရှိရေးနှင့် ဥပဒေနှင့်အညီအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ထိန်းချုပ်နယ်မြေများတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် အမျိုးသားညီ ညွတ်ရေး အစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအမှတ် (၁၂/၂၀၂၂) ဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လက် အောက်ရှိ ပြည်သူ့ ရဲတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယခု အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်း လုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက် အောက် ခံများ က ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပြည်သူ အ ချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံ မျာကို တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက် တွင် E police stationများကို ဇန်နဝါရီလ ၂၀ ရက် နေ့တွင် စတင်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။khit thit