UG ကို ဖမ်းဆီးပေးသည့် ငွေတောင်စား သောက်ဆိုင်အား မြေအောက်တော်လှန်ရေးအဖွဲ့များ သတိပေး




ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဗုံးဖြင့်သွားရောက်တိုက် ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့ဝင် UG နှစ်ဦးကို အဆိုပါ ရုံးဘေးတွင်ရှိသော ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး ခဲ့ကြ သည်ဟု သိရသည်။
ထိုကဲ့သို့ ဖမ်းဆီးမှုကြောင့် UG တစ်ဦးအဖမ်းခံလိုက်ရပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု အနီး ဝန်းကျင်တွင်နေထိုင်သော ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ဖမ်းဆီးခံလိုက်ရသော UG သည် ရဲဘော်သာဒင်ဖြစ်ပြီး ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “အကြမ်းဖက်စစ်ကောင်စီဘက်မှ ပူးပေါင်းပါဝင် ရပ်တည်သော ငွေတောင် စားသောက်ဆိုင်သည် မိမိလုပ်ရပ်အတွက် တာဝန်ယူရမည်။ ကျွန်ုပ်တို့၏ တော်လှန်ရေးဘက်တော်သား ရဲဘော်ရဲဘက်များနှင့် ပြည်သူများကို ဒုက္ခပေးအကြမ်းဖက်သော စစ်ကောင်စီ၏ ကြိုးဆွဲရုပ်၊ ဒလန်များနှင့် နောက်လိုက်များအားလုံးကို လွတ်လပ်ရေးပန်းတိုင်၏ ခလုတ်တံသင်းအဖြစ်သတ်မှတ်ပြီး ရှင်းလင်းဖယ် ရှားတိုက်ခိုက်သွားမည်”ဟု Dark Shadow Ygn UG အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ Blackfox YGN UG နှင့် ရွှေပြည်သာမြေအောက်တော်လှန်ရေးအဖွဲ့တို့ကလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ပျက်မိပါကြောင်း၊ စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ငွေတောင်စားသောက် ဆိုင်အနေဖြင့် သွေးကြွေးပြန်ဆပ်ရမည်ဟု သတိပေးချက်များ ထုတ်ပြန်ထားသည်။
“ငွေတောင်စားသောက်ဆိုင်ဆိုတာ အရင်ဆန္ဒပြနေကြတဲ့အချိန်တုန်းကလည်း စစ်ကောင်စီတပ်တွေကို အအေးတိုက် မုန့်ကျွေးလုပ်နေတဲ့ဆိုင်ပဲဗျ။ အဲဒီတုန်းကလည်း ဒီဆိုင်ကို Boycott လုပ်ကြမယ်ဆိုပြီး လုပ်ကြသေးတာပဲ။ မေ့သွားကြလို့နေမှာပါ၊ ပိုင်ရှင် ဦးသန်းဝင်းရဲ့သားကလည်း စစ်ကောင်စီတပ်ထဲက ဗိုလ်ကြီးတစ်ယောက်လို့ သိထားတယ်၊ အခုဝန်ထမ်းတွေကဖမ်းပေးတယ်ဆိုတော့ ဆိုင်ရှင်ရော ဝန်ထမ်း ရော တစ်ဘက်တည်း အတူတူဖြစ်နေတာတွေ့ရတာပါ” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီမှ တစ်နိုင်ငံလုံးအနှံ့ မြေပြင်လူဦးရေစာရင်းကောက်ယူကာ ၂၀၂၃ ရွေးကောက်ပွဲ အတွက်ပြင်ဆင်နေခြင်းဖြစ်ပြီး တော် လှန်ရေးအင်အားစုများဘက်မှလည်း မြေပြင်လူဦးရေစာရင်း ကောက်ယူရာတွင် ပါဝင်လုပ်ဆောင်ပေးနေသော စစ်ကောင်စီလက် အောက်ခံ လ.ဝ.က ရုံးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများနှင့် စစ်ကောင်စီနှင့်ဆက်စပ်သောရုံးများကို ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ် ဆောင်ကာ စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြခြင်းဖြစ်သည်။mizzima