ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် ရဲဘော်ချောက လက်(ခ)သာဒင် ကျဆုံးကြောင်း Freelance Attack Force ထုတ်ပြန်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်ရှိ ငွေတောင်စားသောက်ဆိုင် မှဝန်ထမ်းများ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် Freelance Attack Force အဖွဲ့ဝင်မြို့ပြပြောက်ကျားတစ်ဦး ကျဆုံးခဲ့သည်။
အဆိုပါ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်မှာ Freelance Attack Force – FLA မှ ရဲဘော် ချောကလက်(ခ) ရဲဘော်သာဒင်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် အဖွဲ့မှတရားဝင်ထုတ်ပြန်လာခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခန့်က တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးသို့ မြို့ပြပြောက်ကျားများက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာရာအချိန်တွင် အနီးရှိ ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းများက မစ်ရှင်လုပ်ဆောင်ခဲ့သော ရဲဘော်များကို ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းမှာ အကြမ်းဖက်ဖမ်းဆီးခံရခြင်းကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့သဖြင့် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ ရခြင်းဖြစ်သည်။ ထို့ကြောင့် တော် လှန်ရေးရဲဘော်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ၏ အကြမ်းဖက် ဖမ်းဆီးမှုတင်မကပဲ စစ်ကောင်စီနှင့်ဆက်စပ်နေသော၊ ထောက်ခံအားပေးနေသူများကပါ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် အသက်သေဆုံးသည်အထိဖြစ်ခဲ့ရသည့်အတွက် မြို့ပြပြောက်ကျားအဖွဲ့များမှ ငွေတောင်စားသောက်ဆိုင်နှင့် ပတ်သက်သည်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးစာထုတ် ပြန်ပြီးဖြစ်သည်။
အဖွဲ့ဝင်ရဲဘော်ကျဆုံးခဲ့မှုနှင့်ပတ်သက်၍ အဆိုပါနေ့ကအဖြစ်အပျက်များကို မေးမြန်းလိုသောကြောင့် Freelance Attack Force – FLA အဖွဲ့ကိုဆက်သွယ်သော်လည်း စိတ်ထိခိုက်ဝမ်းနည်းနေရချိန်ဖြစ်၍ အင်တာဗျူးများရပ်နားထားကြောင်း အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် Freelance Attack Force – FLA အဖွဲ့ဝင်ကျဆုံးရခြင်းနှင့်ပတ်သက်၍ သွေးကြွေးအဖြစ် ငွေတောင်စားသောက်ဆိုင်အသိုင်းအဝိုင်းအား တိုက်ခိုက်ခြေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ mizzima