စစ်ကောင်စီလက်ထက်တွင်ပြုလုပ်သော ပြည် တွင်းစာမေးပွဲများကို တရားမဝင်ကြောင်းကြေ ညာမည်ဟု CDM ဆိုင်ရာမူဝါဒ စာတမ်းတွင် ဖော်ပြ

စစ်ကောင်စီလက်ထက်တွင် ပြုလုပ်သည့် ပြည်တွင်းစာမေးပွဲများကို တရားမဝင် ကြောင်း သတ်မှတ်သွားမည်ဟု ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကထုတ်ပြန်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆိုင်ရာမူဝါဒစာ တမ်းတွင် ဖော်ပြထားသည်။

စာတမ်း၏ အခန်း(၄)၊ Non-CDMနိုင်ငံ့ဝန်ထမ်း များကိုအရေးယူခြင်းအခန်းတွင် “နိုင်ငံတော်အစိုးရသည် အကြမ်းဖက် စစ်အုပ်စု၏ မတရားအာဏာသိမ်းကာလတွင်းကျင်းပသော ပြည်တွင်းစာမေးပွဲများကို တရားမဝင် ပျက် ပြယ်ကြောင်း အတိအလင်းသတ်မှတ်သည်” ဟုဖော်ပြထားခြင်း ဖြစ်သည်။

ထိုသို့ပါဝင်လာမှုအပေါ်တွင် ဖြစ်သင့်၊ မဖြစ်သင့်ဟူသော ဝေဖန်မှုထောက်ပြမှုများသည် လူမှုကွန်ရက်ပေါ် တွင် ဖြစ်ပေါ်လျက်ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူလည်းဖြစ် ကျောင်းဆရာ တစ်ဦးလည်းဖြစ်သည့် ဆ ရာနောင်ချိုက “ပညာရေးစနစ်ကို ဖက်ဒရယ်ပညာရေးစနစ်နဲ့ အစားထိုးမှာ ဖြစ် တဲ့အတွက် ရလဒ်တွေကို ပျက်ပြယ်ကြောင်းကြေညာတာ ဒီမူဝါဒထဲမှာ ထည့်သွင်းရေးဆွဲတာဖြစ်တယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။

လက်ရှိတော်လှန်ရေးပြုလုပ်ရခြင်းသည် အုပ်ချုပ်ရေးယန္တရားကိုသာပြောင်းလဲရန် မဟုတ်သည့်အတွက် စစ်အာဏာသိမ်းမှုအောက်တွင်ရှိခဲ့သည့် စနစ်ဟောင်းမှန်သမျှကို ပြောင်းလဲပစ်ပြီး တိုင်းပြည်သစ်တည် ဆောက်ရန်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တော်လှန်ရေးကာလအတွင်း ကြားကာလပညာသင်ကြားရေး အစီအစဉ်များ၊ ဖက်ဒရယ်ကျောင်းများနှင့် အခြားပညာသင်ယူမှုများကို လွတ် မြောက်နယ်မြေအချို့နှင့် အွန်လိုင်းပေါ်တွင် အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့များက အကောင်အထည်ဖော်လျက်ရှိနေသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးအင်အားစုများ၏ ပညာရေးအစီစဉ်များတွင် မပါဝင်နိုင်ဘဲ စစ်ကောင်စီလက် အောက်ခံကျောင်းများတွင် တက်ရောက်နေရသည့် ကျောင်းသား ကျောင်း သူ ကလေးသူငယ်များအတွက်လည်း ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ကြောင်း CDM ပြုလုပ်လာသည့် တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။

“အဆင့်မြင့်ကဏ္ဍကထားဦး အခြေခံပညာ ကလေးတွေမှာပြဿနာရှိတယ်။ ဘယ်သူက ဖွင့်ဖွင့် တက်ရမှာ ပဲလေ။ မတက်ခဲ့သည်ရှိသော် က လေးတွေက အသက်ကကြီးသွားမှာလေ၊ ငယ်သွားတာမှမဟုတ်တာ။ တော်လှန်ရေးဆိုတာကလည်း တစ်နှစ်တည်းနဲ့ပြီးမယ်ပြောလို့မရဘူး။ တော်လှန်ရေးပြီးမှ ကျောင်းတက် ရမယ်ဆိုရင် ဒီကလေးတွေက တော်ကြာ တော်လှန်ရေးက ၁၀ နှစ်ကြာပြီး ကလေးတွေက ဆယ်နှစ်နေမှ KG တက်ရမယ်ဆိုရင် အဆင်မပြေဘူးလေ” ဟု ၎င်း၏အမြင်ကို ပြောပြသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်အုပ်ချုပ်ရေးကို လက်မခံသည့်အတွက် CDM ပြုလုပ်ခဲ့ကြသည့် ဝန်ထမ်း များကို စစ်ကောင်စီသည် ဖမ်းဆီးခြင်း၊ လိုင်းခန်းများ ၊ ရာထူးမှဖယ်ရှားခြင်းများ ပြုလုပ်သည့်အပြင် အသက်အန္တရာယ်ကို ပါခြိမ်းခြောက်လာသည့်အတွက် CDM ပြုလုပ်သူများသည် လက်ရှိအချိန်ထိ ဘေး လွတ်ရာ နေရာများတွင် ဒုက္ခမျိုးစုံဖြင့် နေထိုင်နေကြရသည်။

သို့သော်လည်း CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ပြီး CDM ဝန်ထမ်းများအပေါ် ဖိနှိပ်မှုများ၊ စစ်ကောင်စီနှင့်ပူးပေါင်းမှုများပြုလုပ်ခဲ့သူများကို ကြားကာလ တရားမျှတ မှုဖော်ဆောင်ရေးအနေဖြင့် စိစစ်အရေးယူရန်လိုအပ်မည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကိုမောင်က ဆိုသည်။

“CDM လှုပ်ရှားလာပြီး အာဏာရှင်ကိုဆန့်ကျင်တဲ့သူတွေအတွက် လူ့အခွင့်ရေးချိုးဖောက်မှုတွေ အများ ကြီးရှိတယ်။ ဒီကိစ္စတွေ ပိုပြီးတော့ သူတို့နဲ့ပတ်သက်တဲ့ တရားမျှတမှုတွေ၊ ပြန်လည်ကုစားမှုတွေလုပ် ဆောင်ရမယ်။ ဒါကိုတော့လက်ခံတယ်။ Non-CDM တွေကိုလုပ်ဆောင်တဲ့ အခါမှာလည်း စိစစ်အရေးယူ တဲ့ဥပဒေပုံစံမျိုး ဥပဒေနဲ့အညီလုပ်ဆောင်ရမယ်လို့ ထင်ပါတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ထပ်မံ၍ မူဝါဒစာတမ်းတွင် ပြည်တွင်း၊ ပြည်ပစာမေးပွဲများကို ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့ကြောင်း ခိုင်လုံ သည့် သက်သေအထောက်အထားရှိပါက သင့်တော်သည့် ပြန်လည်ကုစားပေးမှုများကို လုပ်ဆောင်ပေး မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မူဝါဒစာတမ်းတွင် တော်လှန်ရေးကာလအလွန်တွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများကို မည်ကဲ့သို့ ဂုဏ်ပြုသွားမည်နှင့် Non-CDM များကို မည်သို့ အရေးယူဆောင်ရွက်မည် စသည့်အချက်များ ပါဝင်သည်။

အဆိုပါမူဝါဒစာတမ်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက JCC- CDM က CDM Policy မူကြမ်းကို ရေးဆွဲပြီးစီးခဲ့ပြီးနောက် တွင် အတည်ပြုနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။ JCC သည် Joint Coordination Committee ဖြစ်ပြီး NUCC နှင့် NUG ကြား မူဝါဒရေးရာ ပေါင်းစပ်ညှိနှိုင်းရန်အတွက် NUCC က ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ဖြစ်သည်။

ထိုမူဝါဒစာတမ်းကို NUCC ကအတည်ပြုပြီးမှသာ မူဝါဒအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆွေးနွေးနေဆဲအဆင့်ဖြစ်ကာ Non-CDM များကို အရေးယူဆောင်ရွက်မည့် ကိစ္စများအတွက် ချိန်ဆဆွေး နွေးနေကြောင်း NUCC ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမသို့ ဇန်န ဝါရီလ ၁၃ ရက်နေ့တွင် ဖြေကြားခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s