နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့်သွားမယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပြော
ရန်ကုန်နဲ့မန္တလေး အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ နန်းထိုက်အောင် စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်အတွင်းမှာ ဒီထက်အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ အထူး စစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တာဝန်ခံ တပ်ဖွဲ့မှူးအောင်စံရှားက မဇ္ဈိမကို ပြောပါတယ်။
NUG အစိုးရရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးကဦးဆောင်ပြီး ပျံလွှားအောင်စစ်ဆင်ရေးကို တော်လှန် ရေးမျှားဦးအဖြစ် အရင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ နန်းထိုက်အောင် စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်ခဲ့တာပါ။
အဲဒီမြို့ပြစစ်ဆင်ရေးတွေကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ဘယ်လောက်အတိုင်းအတာထိ အောင်မြင် ခဲ့ပါသလဲ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ S.O.F တပ်ဖွဲ့ရဲ့နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တာဝန်ခံ တပ်ဖွဲ့မှူးအောင်စံရှားကို မဇ္ဈိမသတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ mizzima