ပုလဲ၊ ဇီးဖြူကုန်း ပျူစောထီး စခန်းကို ဝိုင်း ဝန်း ပိတ်ဆို့ တိုက်ခိုက်မှု ပျူစောထီး ၄ ဦး သေဆုံး၊ ပျူနေအိမ် ၅ လုံးထက်မနည်းကို မီးရှို့ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပျူစော ထီး ၄ ဦးသေဆုံးပြီး ပျူနေအိမ် ၅ လုံး ထက် မနည်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုးမ ရာဇာတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ဇန်နဝါရီလ ၂၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က အင်အား ၇၀ ဖြင့် ထိန်း ချုပ်ထားသော ဇီးဖြူ ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး များ ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင် ရောက်ပစ်ခတ် တိုက် ခိုက် ခဲ့ရာ နံနက် ၉ နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး ပျူစောထီး ၄ ဦးထက်မနည်း သေ ဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ပျူစောထီး နေအိမ် ၅ လုံး ထက် မနည်း ကို မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

“စဝင်ပစ်တဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ရွာဘေး ပတ်ပတ် လည် ကနေ လက်နက်ကြီးနဲ့ လည်းဝိုင်းပစ်တာ၊ လက်နက်ကြီး ပစ်ကူ တွေက လည်း ရွာထဲကို အတိအကျ ပေါက်ကွဲတယ်၊ စစ်ခွေး ၄ ကောင် အတိအကျ သေ တယ်၊ စစ်ခွေးနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်၊ စစ်ခွေးတွေ အင် အား အများ ကြီးတော့ မရှိတော့ဘူး” ဟု ရိုးမရာဇာတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ ရိုးမရာဇာ၊ သခင် ဒေါင်းညို ၊ ဒေါင်းနက် ၊ NRG တပ်ဖွဲ့တို့အပါအဝင် ပူးပေါင်း မဟာမိတ် တပ် ဖွဲ့ များက ကျေးရွာအတွင်းဝင်ရောက်ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ရိုးမရာ ဇာ တပ်ဖွဲ့၊ ပခုက္ကူ ခရိုင် တပ်ရင်း ၁၃ ၊ စစ်နိုင်၊ သခင်ဒေါင်းညို၊ Real Hero ၊ ချင်း တွင်းတိုးနယား စသည့် တပ်ဖွဲ့တို့ကလည်း ကျေးရွာပတ်ပတ်လည်မှ လက်နက် ကြီးများ ဖြင့်ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s