ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒု ဗိုလ် မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့်အောင် တို့ကို အသေ ပစ်ခတ်ဖမ်းဆီးပြီး လက် နက်များ သိမ်း ဆည်းရရှိ

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့် အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ၉-မိုင် ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ် ၁ စစ်ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာ ဝန်ခံ စရက (၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့သည် UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက် နက်များ ၀ယ်ယူမည် ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြသူများဖြစ်သည်။

ဒုဗိုလ်မှူးကြီး /ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့နှင့်အတူ စုစုပေါင်း လူ ၄ ဦး လိုက်ပါသော TOYOTA VANGUARD အမည်းရောင် ယာဉ် သည် ရန်ကုန်-မန္တလေး အမြန် လမ်း အတိုင်း ထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်း အချက် အလက် ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲဝင်များမှာ ကင်းပုန်းဝပ်၍ ကားကို တားဆီး ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲဝင်များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးစဉ် အဆိုပါ ၂ ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန် လည် ခုခံ သဖြင့် တော်လှန်ရေးတပ်ဖွဲဝင်များက ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲဝင် ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ ထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာ ရွက် စာတမ်း တချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်နှင့် အတူပါ လာသော အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက် နက်အား လုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် တော်လှန်ရေး ရဲ ဘော်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲဝင်များ ထိခိုက်ဒဏ်ရာမရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s