ရဲရင့်နွေဦးကွန်ဒို ၁၂ နာရီအတွင်း ဒေါ်လာ ၁၀ သန်းကျော်ဖိုး ရောင်းချရ


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ တော်လှန်ရေးအတွက်လိုအပ်သည့်ရန်ပုံငွေရှာဖွေမှု အစီ အစဉ်ဖြစ်သော ရဲရင့်နွေဦးစီမံကိန်းဖြင့် ကွန်ဒိုတိုက်ခန်းများရောင်းခဲ့ရာ ၁၂ နာရီအတွင်း ကွန်ဒိုတိုက်ခန်း ၏ ၉၆ ရာခိုင်နှုန်းရောင်းချပြီးဖြစ်ကြောင်း The End of Dictatorship မှ ထုတ် ပြန်သည်။
NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနမှဦးစီး၍ ဘဏ္ဍာရေးရန်ပုံငွေရရှိရန်အတွက် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ (၁၀၆) တပ်ပိုင်မြေနေရာအား ကွန်ဒိုတိုက်ခန်းများဆောက်လုပ်ကာ ရဲရင့် နွေဦးစီမံကိန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း The End of Dictatorship မှ ကြေညာထားသည်။
အဆိုပါကွန်ဒိုများအား ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၀ နာရီတွင် စတင်ရောင်းချခဲ့ရာ အရောင်း ဖွင့်လှစ်ပြီး ၁၂ နာရီအတွင်း၌ပင် တိုက် ခန်းများ၏ ၉၆ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁၀ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အခန်းပေါင်း ၃၆၀ ခန်း ရှိသည့် အိပ်ခန်းသုံးခန်းပါသည့်အခန်းမျာအား နာရီဝက်အတွင်း ရောင်းချနိုင်ခဲ့ ကြောင်းနှင့် တစ်နာရီအတွင်း အခန်းပေါင်း ၇၀၀ နီးပါး ရောင်းချနိုင်ခဲ့ကြောင်း NUG ဝန်ကြီးချုပ် ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
အဆိုပါစီမံကိန်းမှ ကွန်ဒိုတိုက်ခန်းများမှာ studio ခန်း ၇၀ ခန်း၊ အိပ်ခန်းတစ်ခန်းပါသည့်အခန်း ၁၀၀ ခန်း၊ အိမ်ခန်းနှစ်ခန်းပါသည့် အခန်း ၂၄၀ ခန်း၊ အိပ်ခန်းသုံးခန်းပါသည့်အခန်း ၃၆၀ ခန်း စုစုပေါင်း ၇၇၀ ခန်း ပါ ကြောင်း သိရသည်။mizzima