လွိုင်ကော်လောပိတ အမှတ်(၁)စက်ရုံမှ ဓာတ် အားပေးပို့သည့် တာဝါတိုင် မိုင်းခွဲခံရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတ အမှတ် (၁) စက်ရုံမှတစ်ဆင့် ဓာတ်အားပေးပို့ သော တာဝါတိုင်တစ်ခု ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးခွဲခံရကြောင်း သိရ သည်။

အဆိုပါ လျှပ်စစ်တာဝါတိုင်သည် လောပိတ အမှတ်(၁)စက်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ သို့ ဓာတ်အားပေးပို့နေသည့်တာဝါတိုင်ဖြစ်ပြီး မည်သည့်အဖွဲ့ကပြုလုပ်သည်ကို မသိရသေးပေ။

မိုင်းခွဲခံရသည့် လျှပ်စစ်တာဝါတိုင်သည် စောခွီဒေါကျေးရွာနှင့် ဝါရီကောခူရွာကြားရှိ တာဝါတိုင်ဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ဖောက်ခွဲသွားသည်ကို မသိရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အသံက အကျယ်ကြီးပဲ။ ည ၉ နာရီခွဲဝန်းကျင်ကျော် အချိန်လောက်ဖြစ်မယ်၊ မိုင်းခွဲလိုက်တာမျိုးထင် တယ်။ မနက်ထကြည့်မှ တာဝါတိုင်ကြီးတစ်ခုလဲနေတာတွေ့ရတယ်။ ဘယ်အဖွဲ့က လာခွဲလိုက်လည်း မသိဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လောပိတစက်ရုံမှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ ဓာတ်အားပေးပို့နေသည့် တာဝါ တိုင်များ မကြာခဏ မိုင်းခွဲခံရခြင်းရှိသည်ဟုလည်း သိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s