စစ်အာဏာရှင်ကို လက်နက်ကိုင် လမ်းစဉ်ဖြင့်သာ အမြစ်ပြတ်ချေမှုန်း မည် ဖြစ်ပြီး ပြည်သူများ လက်နက်ကိုင်ရန် စစ်ခေါင်းဆောင်များက တွန်းပို့ခဲ့၊ စပြီး သည့် တိုက်ပွဲ ပြီးဆုံး သည် အထိ တိုက်မည်ဟု NUG သမ္မတ ညွှန်ကြား

လက်နက်ကိုင်လမ်းစဉ်ဖြင့်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင် မည်ဖြစ်ပြီး ပြည်သူလူထု လက်နက်ကိုင်ရန် မြန်မာစစ်ခေါင်း ဆောင်များက တွန်း ပို့ခဲ့ ကာ အဆုံးသတ် တိုက်ပွဲအတွက် အစစ အရာရာ ပြင် ဆင်ထားကြ ရန် NUG ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်း ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
ယနေ့ဇန်နဝါရီလ ၂၄ ရက် တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄ / ၂၀၂၃အစိုးရ အဖွဲ့အ စည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက် ပါ အတိုင်း ထည့်သွင်း ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလက ဖက်ဆစ်ဂျပန်နှင့် ကိုလိုနီ အင်္ဂလိပ် လက်အောက်မှ လွတ် မြောက်ရန် ရုန်းထွက်ခဲ့ကြရကြောင်း၊ ယ ခု အခါ ကိုယ့် လူမျိုးအချင်းချင်း ဗိုလ်ကျလွှမ်းမိုးတဲ့ ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ် ချေမှုန်း ရန် တော်လှန်နေကြရကြောင်း၊ နိုင်ငံ၏ ပြည် တွင်းစစ်သည် အင်မတန် ကြာညောင်းလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီနေ့အချိန်မှာ တွေ့ရတဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း အကြီးကျယ်ဆုံး အကျယ် ပြန့်ဆုံးဖြစ်လာတဲ့ ပြည် တွင်းစစ်လို့တောင် ပြောနိုင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အဆိုးထဲက အ ကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယူဆပါတယ်။ အရင်တုန်းက လက်နက်ကိုင် ခုခံတော် လှန်မှုကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြား ရှိခဲ့တယ်။ ယခု လက်ရှိကာလမှာ တော့ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်း ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုထားကြရတော့ မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက် တွေ့သိလာကြပါပြီ”ဟု ယာယီသမ္မတဒူဝါလရှီးလ က ပြော ကြားသည်။
အမှန်တကယ်တွင် နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ်တွင်ပဲ ဖြေရှင်းချင် ကြသူ များဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူ လူထုက လက် နက်ကိုင်ပြီး ခုခံမှကို ရတော့ မည့် အခြေအနေဖြစ်စေရန် မြန်မာ စစ်ခေါင်းဆောင်များက တွန်းပို့ခဲ့ ကြောင်း၊ ထိုကြောင့် စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမည်ဟု ပြတ်ပြတ် သားသား ပြောချင်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
“ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို ဒီထက် အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ကြမယ်။ အဆုံးသတ် အပြုတ်တိုက်ပွဲအတွက်လည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆင်ထား ကြရမယ်။ ကျွန်တော်တို့ပြည်သူတွေ အရှုံးခံလို့မရဘူး။ ကျွန်တော်တို့ဟာ အဆုံးသတ် တိုက်ပွဲ အတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြရမယ်။ ခုခံတော် လှန်စစ်မှ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည် နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ သစ်ကို မျှော်လင့်နိုင်လိမ့်မယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့ အားလုံး ကြိုတင်ပြင်ဆင်ထားကြပါ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြော ကြား သည်။ khit thit