ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ က ရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ KNDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-10 က ရဲဘော်တဦး အပါအဝင် ပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်လည်း ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဝင်ရောက်မှုကြောင့် ဒီးမော့ဆိုအရှေ့ဘက်က နန်းဟူးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လွိုင်ကော်-ဒေါဒမကြီးလမ်း ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းခဲ့ရပါတယ်။

အခုရက်ပိုင်း အထူးသဖြင့် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ လာရောက်ပျံသန်းနေတာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်လောက်မှာလည်း  စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေး ရွာတခုမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅ နှစ်အောက် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရသလို မိခင်ဖြစ်သူလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာလည်း ဇန်နဝါရီ ၁၉ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို က ရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ မယ်စလောင်းတောင်စခန်းဟာ စစ်ကောင်စီရဲ့ အမာခံတပ်စခန်းဖြစ်ပြီး အရင်ကတည်းက တိုက်ခိုက်ခံရပေမဲ့ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s