ပုလဲမြို့နယ် ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီတပ် ဖွဲ့နှင့် ပျူစောထီးဆိုသူများကို ကာ ကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာတွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ၂၃ ရက် နံနက် ၅နာရီ ၄၅ မိနစ် အချိန်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Nat Yar တပ်ဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲကတော့ ကျနော်တို့ မဟာမိတ် တပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်တာပါ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် သုံးနာရီ လောက်အထိ ရှိပါတယ် ။ ပျူစောထီး လေးဦးကို သုတ်သင်နိုင်ခဲ့သလို သူတို့ အခြေချ နေထိုင်နေတဲ့ အိမ်သုံးလုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ဘက်တွင် အများအပြား ထိခိုက်ဒဏ်ရာရရှိသည်ဟု National Revolutionary Guards တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။
“အဲ့ဒီရွာက တစ်ရွာလုံးပျူရွာပါ၊ ကလေးက အစလက်နက်ကိုင်နေကြတာဗျ၊ ခန့်မှန်း ပျူနဲ့ စစ်သားအင်အား ၁၀၀ နီးပါးလောက်ရှိမယ်၊ ကျွန် တော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်” ဟု ဗိုလ်သူရိန်ကပြောသည်။
အဆိုပါတိုက်ပွဲကို National Revolutionary Guards၊ Chindwin Toe Nat Yar တပ်ဖွဲ့၊ သခင်ဒေါင်းညို ၊ Real Hero ၊ ဒေါင်းမင်း ၊ CDRF တပ်ခွဲ (၁)၊(၂)၊(၃)၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် ၊ Salingyi Border Task Force ၊ ပခုက္ကူတပ်ရင်း(၁၄) ၊ Eagle Defense Force ၊ Nyso ရေစကြို မြေလတ် ၊ Salingyi NTG ၊ မုဆိုးလေး ၊ ပြည်သူအားလုံးရဲ့ ပီကေ ၊ ရိုးမရာဇာ ၊ Black ဂဠုန်၊ Jungle Hunter Revolution Force ၊ ပုလဲ ဂျိုကာ တပ်ခွဲ(၃)နှင့် ဒေါင်းနက်တပ်ဖွဲ့တို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။mizzima