ဘုရားသုံးဆူမြို့က စစ်ကောင်စီရုံး ၄ ခု တစ် ပြိုင်တည်း စီးနင်းမီးရှို့ခံရ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့က စစ်ကောင်စီ လက်အောက်ခံ ရုံး လေးခုဟာ မနေ့က ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီလောက်မှာ တစ် ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။
အခုဇန်နဝါရီလ ၁ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့နယ် တောင်စွန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေ စီးနင်းခံရတာပါ။
ဒါဟာ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား ပျက်စီးသွားပြီး အချိန်မရွေး သိမ်းပိုက်ခံရနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။ mizzima