ဘုရားသုံးဆူမြို့ရှိ စရဖ ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီး လောင် နေပြီး မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေ၊ နေပြည်တော်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ ထွက်ခွာ


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ညပိုင်း စစ်ထောက် လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေပြီး မြို့ ပေါ်တွင် တိုက်ပွဲများဖြစ် နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် မှစတင်၍ ပစ်ခတ်မှုများ စတင် ကြားရခြင်း ဖြစ်ပြီး စရဖ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေ ကြောင်း သိရှိရသည်။
“သုံးဆူမြို့မှာ ပွဲကြမ်းနေပြီ။ စရဖ၊ထွေအုပ်၊လဝကရုံး တွေကိုကိုင်နေပြီ။ မြေစာ ရင်း ရုံးလည်းပါတယ်။ တစ်မြို့လုံးပစ်ခတ်သံတွေ ညံနေတယ်။ ရုံးတွေအားလုံး ကို တပြိုင်နက်တည်း ဝင်စီးတာတဲ့။ မြို့ပေါ်ရုံးအားလုံး ကိုတစ်ချိန်တည်း မီး တင် ရှို့တာလို့ သိရတယ်” ဟု ဒေသ သတင်းရင်းမြစ်တစ်ခုက ပြောသည်။
လက်ရှိတွင် နေပြည်တော်လေဆိပ်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ တက် သွားသဖြင့် ဘုရားသုံးဆူဘက်သို့ သွားနိုင်ကြောင်း ကင်း ထောက် အဖွဲ့ များ က သတင်းဖော်ပြထားသည်။ khit thit