မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ များနေထိုင်ရာ ဘုန်းကြီးကျောင်း နှင့်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဒုတိယအ ကြိမ် ဗုံးကျဲချ


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ ပ လိပ် ထွီ ကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် မြောက် ဗုံးကျဲချကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ရာ လူနေအိမ်များနှင့် ဘုန်း ကြီး ကျောင်းများ ပျက်စီးခဲ့ကြောင်း၊ အလားတူ မွန်းတည့် ၁၂ နာရီခန့်အချိန် မင်းတပ် မြို့ပေါ်ရှိ အထိုင်ချစစ်တပ်စခန်းက ဟောင်ဝစ်ဇာ လက် နက်ကြီး များ ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းတို့ ကြောင့် စစ်ဘေးရှောင် များ ကို ကူညီပေး သူများ နေထိုင်ရာ ဘုန်း ကြီး ကျောင်း၊ သိမ် ၁ ခုနှင့် လူနေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်တပ်က ဘာသာရေး အဆောက်အအုံကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရုံ သာမက အရပ်ဘက်စစ်ဘေးရှောင်ကူညီပေးသူများကို အောက် တန်းကျစွာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်း၊ မင်းတပ်မြို့ပေါ် အထိုင်ချတပ်စခန်းက ဟောင်ဝစ်ဇာလက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်များ ပျက်စီးပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။khit thit