ရွှေဘိုနယ်ရှိ ပျူစောထီးစခန်းကို ကာကွယ် ရေးပူးပေါင်းအဖွဲ့များ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၂၂) က ပြည်သူ့စစ် ခေါ် ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြောသည်။

ယမန်နေ့နံနက် ၄ နာရီခန့်တွင် ရွှေဘိုမြိုနယ်မြောက်ပိုင်း တဲကြီးကျေးရွာရှိ ထိုစခန်းကို မီးရှို့စဉ် စစ်ကောင်စီတပ်၏ စစ်ကူရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Dynamite Empire အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဂျပန်ကြီးက ပြောသည်။

“ကျွန်တော်တို့ လက်နက်ကြီးလက်နက်ငယ်နဲ့ ဆက်တိုက်ပစ်တယ်။ ဝင်ရောက်တိုက်ခိုက်ပြီးတော့ ရွာပတ်ပတ်လည်မှာရှိတဲ့ ကင်းစခန်း ၄ ခုကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ စခတွေဘက်က ကားသုံးစီးနဲ့ စစ်ကူလာတဲ့အတွက် ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရပါတယ်” ဟု သူက ဆိုသည်။

ပူးပေါင်းတိုက်ခိုက်ရာတွင် ဒေသအခြေစိုက် မိုးကြိုးမုန်တိုင်းအဖွဲ့၊ Fighter Oneအဖွဲ့၊ MPF U-18 နှင့် အခြားအဖွဲ့များလည်း ပါဝင်သည်ဟု ဆိုသည်။

တစ်နာရီနီးပါး ကြာမြင့်သည့် အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီးတို့ဘက်မှ ၅ ဦး သေဆုံးသွား ကြောင်း၊ ကာကွယ်ရေးအဖွဲ့ဘက်မှ ၃ ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သလို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

နံနက် ၅း၃၀ ခန့်တွင် အမှတ် (၈) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ စစ်သားများက ကား ၃ စီးဖြင့် စစ်ကူလာရောက်လာသည်ဟု သိရသည်။

မြစ်ကြီးနား- ရွှေဘို ကားလမ်းပေါ်ရှိ အဆိုပါလေ့ကျင့်ရေးကျောင်းသည် တဲကြီးရွာမှ ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယမန်နှစ် ဇွန်လကလည်း ထိုတပ်မှ ကားဖြင့် လာသော စစ်ကြောင်း ခင်ဦးမြို့နယ် ကြို့ကန်ရွာအနီး မိုင်းဆွဲခံရကာ ထိုစစ်ကြောင်းက ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဓားစာခံ ၂ ဦးကို ရွာအနီး ပစ်သတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရွှေဘို၊ ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူဒေသများမှ အာဏာသိမ်းမှု ထောက်ခံသူများကို စစ်သင်တန်းပေးပြီး ဒေသအခေါ် ပျူစောထီးအဖွဲ့များအဖြစ် စုဖွဲ့ကာ လက်နက်တပ်ဆင်ပေးထားသည်။

ယင်းကျေးရွာများကို ဒေသတွင်းတွင် ပျူရွာဟု ခေါ်ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များက ရံဖန်ရံခါ ဝင်တိုက်လေ့ရှိသည်။

ရွှေဘိုနယ်မြောက်ပိုင်းတွင် တဲကြီးရွာ၊ ဘုတ်ကုန်းရွာတို့သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ အခြေစိုက်စခန်းရှိသော ကျေးရွာများ ဖြစ် သည်။

မကြာသေးခင်ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အနောက်ပိုင်း ရှိ ပျူစောထီးသင်တန်းပေးသော ယောကျေးရွာကို ဒေသခံကာ ကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြသည်။

ဗုံးသီးတပ်ဒရုန်းများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ၄၅ မိနစ်ခန့်ကြာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး အ နည်း ဆုံး သေဆုံးနိုင်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Dynamite Empire အဖွဲ့က ပြောထားသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s