ရွှေဘို၊ တည်သီးတော ပျူစောထီးစစ်စခန်းကို အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်မှု ပျူစောထီး ၂၀ သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော(ပျူစောထီး)ရွာစခန်းကို အလစ် အငိုက် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း ဗိုလ် ကျားရိုင်း-ရွှေဘို LPDF မှ ပြန်ကြား ရေးနှင့် ဘဏ္ဍာ ရေးတာန်ခံ ရဲဘော် ဗလကြီး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်တပ်မှ အသက် ကြီးကြီးစစ်သားတစ်ဦးနှင့် ပျူစောထီး ခေါင်း ဆောင်မောင်ဆန်း ပူးပေါင်း ခေါင်းဆောင်နေသော ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း၊ ပျူစောထီးများ စတည်းချထားသည့် ကင်းတဲ ၄ နေရာကို သိမ်းပိုက် နိုင်ခဲ့ပြီး ပျူစောထီး ၂၀ ဦးသေဆုံး ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စခက ခွေးအိုကြီးတစ်ကောင်ပဲရှိတယ်၊ တစ်ရွာနီးပါးပျူတွေပဲ၊ လက်နက် ကိုင်တာက အင်အား ၆၀ လောက်ရှိတယ်၊ ပျူမောင်ဆန်းက ဆ ရာကြီး လုပ်နေတာ၊ ပျူနဲ့ စခတပ်ချထားတဲ့ရွာ ၇ ရွာကိုသူက အုပ်ချုပ်နေတာ၊ ညောင် ကိုင်းနဲ့ရိုးမြေဆင်းက စခအကူတွေနဲ့ အဖက်ဖက်က ဝိုင်းလာလို့ လက်နက် တိုက် နားရောက်ခါနီးမှ ပြန်ပစ်ဆုတ်ခဲ့ရတာ၊” ဟု ဗိုလ် ကျားရိုင်း-ရွှေဘို LPDF မှ ပြန်ကြားရေးနှင့် ဘဏ္ဍာရေး တာန်ခံ ရဲ ဘော် ဗလကြီးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းပျူစောထီးစခန်းတွင် လက်နက်ကိုင်ဒေသခံ လူငယ်ပျူစောထီး ၆၀ ခန့် ရှိပြီး တိုက်ပွဲအတွင်း၌ ပျူ စောထီးများ စတည်းချနေထိုင်ရာ နေ ရာများကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ၉ လုံးကျည်အနည်း ငယ်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ရွှေဘို မိုးကြိုးမုန်တိုင်း အဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်း အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(အဖွဲ့)- ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ God Of Satans-GOS အဖွဲ့၊ C&T SHWEBO (LPDF) အဖွဲ့၊ Fighter One အဖွဲ့၊ Northern Brotherhood Alliance Squad တပ်ရင်း-၁၈၊ ဒိုင်းနမိုက်အင်ပါယာ အဖွဲ့၊ တောင်သူကြီး အဖွဲ့၊ Flying Dragon Force (F.D.F)အဖွဲ့၊ Snake Eyes LPDF အဖွဲ့ နှင့် ရွှေဘို မြို့နယ် ရွှေဘို တိုက်နယ်-၂ ရဲဘော်များ ပူးပေါင်း ကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s