ဝဏ္ဏကျော်ထင် ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်ကောင်စီနှင့်တွေ့ဆုံရန် နေပြည်တော် ထပ်မံသွားရောက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စစ်ကောင်စီတာ ဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီ ၂၃ မှာ  တာချီလိတ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ထွက်ခွါသွားပါတယ်။ 

ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်နဲ့ လက်ရှိနိုင်ငံရေးအ ကျပ်အတည်း ဖြေရှင်းရေးတို့ကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့  RCSS/SSA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဒီတွေ့ဆုံမှုဟာ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေး၊ လက်ရှိဆွေးနွေးတွေ့ဆုံမှုကနေ တဆင့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှုမြှင့်တင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အ ထောက်အပံ့ဖြစ်မယ်လို့  RCSS က ယုံကြည်ကြောင်း RCSS/SSA ပြန်ကြားရေး ဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့  ချီးမြှင့်ထားပါတယ်။ 

အခုလို ချီးမြှင့်မြှောက်စားပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြပေမဲ့ RCSS/SSA က ဖေဖေါ်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မိုင်းပန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာကိုတော့  စစ်အင်အားတွေတိုးမြှင့်ချထားတာကြောင့် မူလအစီအစဉ်ကို ရုပ်သိမ်းပြီး ဌာနချုပ်လွိုင်တိုင်းလျန်းဌာနချုပ်မှာပဲ ပြန်ကျင်းပဖို့ စီစဉ်ထားရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s