အာဏာလု မြန်မာစစ်ကောင်စီ နှင့် စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ရွေး ကောက်ခံ လွှတ်တော် ကိုယ်စားလှယ် များကို အသိအမှတ်ပြုဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတ ကာပါလီမန်များအဖွဲ့ IPU က ဆုံးဖြတ်

မြန်မာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့ကို လက် နက်အားကိုးဖြင့် ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို မတရားသိမ်းပိုက် လုယူ ခဲ့သော စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုသည်ဟု နိုင်ငံတကာပါလီမန်များအဖွဲ့IPU က ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ်ပြုကော်မတီ CRPH က သတင်းထုတ်ပြန်သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပခဲ့သော ၁၄၅ ကြိမ်မြောက် နိုင်ငံ တကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံ အကြိမ် ၂၁၀ မြောက် အ မှုဆောင် ကော်မတီ အစည်းအဝေးက ထိုသို့ ဆုံး ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“လွန်ခဲ့သည့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုး တက် မှုမရှိသည်ကို ဝမ်းနည်းစွာ မှတ်သားရပါကြောင်း၊ လွှတ် တော် ကိုယ် စား လှယ်အချို့အား သေဒဏ်ပေးမှုကြောင့် အခြေအနေသည် ပိုမိုဆိုးဝါးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အာဏာ သိမ်းစစ်ကောင်စီအ နေဖြင့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပါကြောင်း၊ ထို့ကြောင့် မြန်မာရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား အသိအမှတ်မပြုရန် အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါ ကြောင်း” ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ၁၄၅ ကြိမ် မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ ၂၁၀ ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
IPU သည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၈၈၉ ခုနှစ်တွင် စတင် ထူထောင်ခဲ့သော နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး နိုင် ငံပေါင်း ၁၇၉ နိုင်ငံမှ ပါလီမန်များနှင့် ဒေသတွင်းပါလီမန် ၁၃ ကလည်းကောင်း အဖွဲ့ဝင် အဖြစ် ပါဝင်လျက်ရှိသည်။
လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မြန်မာရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကို IPU က အစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းဖြင့် အသိအမှတ်ပြုထားကြောင်း သိရှိရသည်။khit thit