ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားတွင် NUG မှ လက်နက်များပေးအပ်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၌ ဇန်နဝါရီလ၂၄ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
ယင်း သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ်(၃)မှ ဒု-စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်များပေးအပ်ခြင်းနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်များကို ပေးအပ်ခဲ့သည်။
ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းတွင် လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ၊ ပစ္စတိုပစ်ခတ်စဉ်များ၊ အခြေခံကိုယ်ခံပညာတိုက်ကွက်များ၊ Closed Quarter Battleဖြင့် SQUADအလိုက် လှုပ်ရှားမှုပစ်ခတ်စဉ်များ၊ VIPကာကွယ်မှု၊ သက်တော်စောင့်များ၏ ဗျူဟာများ၊ စစ်ပွဲအတွင်း အရေးပေါ်အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများနှင့် ကြိုးဆင်းပစ်ခတ်စဉ်များ အစရှိသည့်ကို သင်ကြားပေးခဲ့ပြီး သင် တန်းဆင်းပွဲတွင် မွမ်းမံသင်တန်းဆင်းရဲဘော်များမှ သရုပ်ဖော်ပြသခဲ့သည်။
တောင်ပိုင်းစစ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော်ဘရာစစ်ကြောင်းနှင့် ဒေါနစစ်ကြောင်းသင်တန်းဆင်းပွဲများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပြီး လက်နက်များပေးအပ်ခဲ့သည်။mizzima