ငါန်းဇွန်တွင် စစ်တပ် ထောက်ပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့သာမှ ထောက်ပို့ထွက်လာသော ဆိုင်ကယ်၂ စီးနှင့် စစ်ကား ၁ စီးကို ငါန်းဇွန်မြို့နယ် တောင်လယ်တောရွာနှင့် ရွာသာရွာ အကြားတွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေတယ်။ စစ်ကားကို အဓိကထားပြီး မိုင်းဆွဲတာ ကားကတော့ လမ်းဘေး ထိုးရပ်သွားတယ်။ စစ်ခွေး သေစာရင်း ထပ်တိုးနိုင်တယ်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နှင့် MN PDF Myitnge၊ မန္တလေးခရိုင်အမှတ် (၅) တပ်ရင်းတို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit