စစ်ကောင်စီ၏ရွေးကောက်ပွဲတွင် မပါဝင်ကြရန် Flying Dragon Force သတိပေး

စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ရှိ ရုံး၀န်ထမ်းများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မပါ၀င်ကြရန် Flying Dragon Force ရွှေဘိုက နောက်ဆုံးအကြိမ်သတိပေးကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ပြည်သူ့ဆန္ဒမပါဘဲ တရားမ၀င်ရွေးကောက်ပွဲလုပ်နေတာဆိုတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တားဆီးရပါလိမ့်မယ်။ သတိပေးချက်ကို မလိုက်နာရင်တော့ သင့်တင့်သလို တုံ့ပြန်ရပါလိမ့်မယ်” ဟု Flying Dragon Force တာဝန်ခံ ကိုဗလက မဇ္စျိမကိုပြောသည်။
ရွေဘိုမြို့ရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၊ရဲတပ်ဖွဲ့ဝင်များနှင့် အနီးကပ်မနေကြရန်၊ စီးပွားရေးသမားများအနေဖြင့် စစ်ကောင်စီဒေါက်တိုင်အဖြစ် မနေကြရန်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဓိကက ပြည်သူတွေအတွက်ဗျ။ ကျွန်တော်တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အတွက် ပြည်သူတွေကို အထိအခိုက်မဖြစ်စေဖို့ စခ( စစ်ကောင်စီတပ်သား)၊ ရခ (ရဲတပ်သား)တွေနဲ့ ဝေးဝေးနေဖို့ပဲပြောချင်ပါတယ်”ဟု Flying Dragon Force တာဝန်ခံ ကိုဗလက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း Flying Dragon Force အဖွဲ့က စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသသည့်အနေဖြင့် ရွှေဘိုခရိုင်ရဲမှူး၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima