နွေဦးတက္ကသိုလ်က ဖွင့်လှစ်သည့် သင်တန်းအားလုံး NUG Pay ဖြင့် ပေးသွင်းပြီး တက်ရောက်နိုင်

နွေဦးတက္ကသိုလ်က ဖွင့်လှစ်သည့် သင်တန်းအားလုံးအတွက် သင်တန်းကြေးများကို စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရားမှ လုံးဝလွတ်ကင်းပြီး လုံခြုံမှုအပြည့်ရှိသည့် ငွေပေးငွေယူစနစ် NUGPay ဖြင့်ပေးချေကာ တက်ရောက်နိုင်မည်ဖြစ်ကြောင်း နွေဦးတက္ကသိုလ် Spring University Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
နွေဦးတက္ကသိုလ်သည် စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ပညာရေးကို ရှာဖွေနေသည့် ကျောင်းသူ၊ ကျောင်းသားများအ တွက် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။
“နွေဦးတက္ကသိုလ်အနေနဲ့ ၂၀၂၃ မှာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြေပြင် ပညာရေးကို အရှိန်မြှင့်တင်ခြင်း၊ ရက်တိုရက်ရှည် ခရက်ဒစ်ရယူနိုင်သော သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်သွားဖို့ တွေရှိတယ်” ဟု Spring University Myanmar မှ တာဝန်ရှိသူက ဆို သည်။
လက်ရှိတွင် နွေဦးတက္ကသိုလ်က လူငယ်များအတွက် ပို့ချခဲ့သည့် သင်တန်း အရေအတွက် ၅၀၇ ခုရှိပြီး သင်ကြားရေးတွင် ပါဝင်အားဖြည့်ပေးသည့် CDM ဆရာ၊ဆရာမများနှင့် ပညာရှင် စုစုပေါင်း လူဦးရေ ၂၀၀ကျော်ရှိကာ နိုင်ငံတစ်ဝှမ်းမှ ကျောင်းသား လူငယ် ၁၃,၀၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
NUGPay သည် လက်ရှိ DMMK လည်ပတ်ငွေ သန်း ၇၀၀၀ အထိရှိပြီး သုံးစွဲသူများအနေဖြင့် Account ဖွင့်ထားသည့် Agent ထံ၌သာ Top-up code ဝယ်ယူခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ငွေထုတ်ယူခြင်းတို့ကို ပြုလုပ်ရသည့်အတွက် တော်လှန်ရေးအတွက် လုံခြုံမှုအပြည့်ရှိသည့် ငွေပေးငွေယူစနစ်ဖြစ်သည်။mizzima