ဝမ်ဟိုင်းဌာနချုပ်ပေါ်သို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အနီးကပ်ပျံသန်းမှု SSPP/SSA မေးခွန်းထုတ်

ဇန်နဝါရီလ ၂၄ ရက် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ်ပေါ်သို့ အာဏာသိမ်းစစ်ကောင်စီ တပ်မှ YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ကြောင်း SSPP/SSA က သတင်းထုတ် ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယခုကဲ့သို့အကြောင်းမကြားဘဲ အနိမ့်ပျံသန်းမှုပြုလုပ်ခြင်းသည် SSPP/ SSA အပေါ် ရန်စစော်ကားသည့်လုပ် ရပ်ဖြစ်သည်ဟုယူဆနိုင်သည့်အတွက် နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်း၊ လေ့ ကျင့်ခြင်များ ထပ်မံပြုလုပ်ပါ က တပ်မတော်၏တာဝန်သာဖြစ်ကြောင်း ဆိုသည်။

မည်သည့်အတွက်ကြောင့် တိုက်လေယာဉ်ပျံသန်းစေခဲ့သည်ကို ဗဟိုလူကြီးများကသိရှိလိုကြောင်း ရှမ်း ပြည်တိုးတက်ရေးပါတီ၏ပြော ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်ပွားသည့်အချိန်တွင် RCSS ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်း ကိုယ်တိုင်မသိရသေးကြောင်းနှင့် သိရှိရပါက အကြောင်းပြန်ပေးမည့်အကြောင်းဖြေကြားခဲ့သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အနေဖြင့် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် တွင် စစ်ကောင်စီနှင့် နှစ်ကြိမ်ခန့်တွေ့ဆုံထားသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်စခန်းတည်ရှိရာ နေရာများသို့လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ကရင်လက်နက်ကိုင်အဖွဲ့ (KNU)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ချင်းလက်နက်ကိုင်အဖွဲ့(CNF/CAN) တို့ ၏တပ်စခန်းများကို လေကြောင်းမှတိုက်ခိုက်ခဲ့သလို (NCA)စာချုပ်လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DK BA)မှ ထိပ်တန်းအရာရှိတစ်ဦး၏ နေအိမ်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s