IM Finance ကုမ္ပဏီ၏ Money Changer လိုင်စင်ကိုရုပ်သိမ်းကြောင်း ဗဟိုဘဏ်ကြေ ညာ

Imperial Myanmar Finance Co.,Ltd ၏ Money Changer လိုင်စင်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် IM Finance ၏ လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ကြောင်းဆိုသည်။ ထိုသို့ စစ်ဆေးစဉ် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုပါ ပူးတွဲဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရကြောင်း ဆိုသည်။

ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပဏီ (သို့မဟုတ်) မိခင်ကုမ္ပဏီ အမည်ဖြင့်သာ လျှောက်ထားရန် မူချမှတ်ထားခြင်းဖြစ်သည်။

IM Finance ကုမ္ပဏီသည် ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်းနှင့် အသေးစား ချေးငွေဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီဖြစ်ကြောင်း Yangon Directory ၏ website ( shorturl.at/jrTVX ) တွင် ဖော်ပြထားသည်။

ထို့ကြောင့် မဇ္ဈိမ အနေဖြင့် Imperial Myanmar Finance Co.,Ltd အား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း ဖြစ်သည့် IM Finance သည် Money Changer လုပ်ငန်းကိုဆောင်ရွက်နေ၍ ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ လိုင်စင်ကိုရုပ်သိမ်းလိုက်ကြောင်း ဆိုသည်။

ကုမ္ပဏီအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်တွင် Money Changer လိုင်စင်အမှတ် စီဘီအမ်-အက်ဖ်အီးအမ်ဒီ- ၄၈၇/ ၂၀၂၀ ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၃ နှစ်အကြာတွင် ယခုကဲ့သို့ လိုင်စင်ရုပ်သိမ်း ခံရခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s