နေပြည်တော်နှင့် ပုသိမ်လေတပ်မှ တိုက် လေယာဉ်များ ကရင်ဘက်သို့ ဦးတည် ပျံသန်း

နေပြည်တော်လေတပ်နှင့် ပုသိမ်လေတပ်မှ တိုက်လေယာဉ်တချို့ ကရင်ပြည် နယ် ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်း မြစ် များထံမှ သိရှိရ သည်။

ယနေ့ ကော့ကရိတ်တွင် စစ်ကောင်စီတပ်များ အထိနာနေသဖြင့် လေကြောင်း တိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိရာ ယနေ့ ည ၇ နာရီအချိန် တွင် ပုသိမ်လေတပ်မှ တိုက်လေယာဉ် ၁ စီး၊ ည ၇ နာရီ ၄၇ မိနစ်အချိန်တွင် တိုက် လေယာဉ်တစ်စီး ယနေ့ ည လှည့်ပတ်ပျံသန်းနေပြီး ကရင်ပြည်နယ်၊ ကော့ ကရိတ်ဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းနှင့် ယနေ့ တစ်နေ့လုံး တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ် နယ် မြေ ဘုရားသုံးဆူရှိ သတ္တုတွင်းလုပ်ကွက်များနှင့် ကော့ကရိတ်မြို့နယ်ကို လေ ကြောင်း ဖြင့် ဗုံးကျဲချမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s