ရေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ရေနံချောင်းတွင် ဆက်ကြေး ကောက် ပြန်လာသော ရဲအုပ်နှင့်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရေးမြို့နယ် နှင်းစုံနှင့် စံပြ ကျေးရွာအကြားတွင် စစ်တပ်နှင့် တောကျားရိုင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက စစ်ကောင်စီဘက်က ၃ ဦး ကျပြီး ၃ ဦးဒဏ်ရာရတယ်။ စစ် ကား ၃ စီး ဆင်းလာတာကို ကျားရိုင်းအဖွဲ့က ထပ်တိုက်တယ်။ ၁ စီးမှန် ကွဲသွား တယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရသူ ၃ ဦးနဲ့ ကျဆုံးသူ ၃ ဦးကို နှင်းစုံ တံ တား ကြီး မှာ ပြန်သယ်သွားတယ်။ တောကျားရိုင်းအဖွဲ့က ထိခိုက်ဒဏ်ရာသူ မရှိ ဘူးလို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ယာပြင်စစ်ဆေးရေးဂိတ်မှ ယာဉ်အမှတ် 3J-2711 ဖြင့် ပြန် လာ သော ရေနံချာင်းမြို့နယ်။ လက်မှတ်ကုန်းနယ်မြေရဲစခန်း မှ ရဲအုပ်ကို တွင်း ကုန်း နယ်မြေ နှင့် လက်မှတ်ကုန်းနယ်မြေကြားတွင် People’s Defense Force Yenangyaung ၊ Hunter Dragon Group ၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force ညီနောင်များ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

မိုင်းဆွဲခံရသော ရဲအုပ်မှာ ကျေးရွာများကို ငွေညစ် ဆက်ကြေး တောင်းခြင်း၊ လောင်း ကစားဝိုင်းများပြုလုပ်ခြင်း၊ အမှုပွဲစားလုပ်ခြင်း စသဖြင့် ပြည်သူ လူထု အပေါ်တွင်အနိုင်ကျင့်များ ပြုလုပ်နေသော ကြောင့် ရေနံချောင်း ပြည်သူ့ ကာ ကွယ်ရေးတပ်က မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ရဲအုပ် စီး နင်းလာသော ကားဘော်ဒီထိမှန် ထိုးရပ်သွားကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s