လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပေါ် စွဲ ချက်တင်ထားမှုကို ထိုင်းတရားရုံးကလက်ခံပြီး အခြားအပေါင်းအပါ ၆ ဦးကိုလည်း သေဒဏ်ချ

မြန်မာခရိုနီ စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပေါ် ထိုင်းရဲတပ်ဖွဲ့ကစွဲဆိုထားသည့် စွဲချက် များအတိုင်း ထိုင်းတရားရုံး(ရာ့ချဒါတရားရုံး)က လက်ခံလိုက်ပြီး ယခင်ကဖမ်းမိထားသည့် အခြားအပေါင်း အပါခြောက်ဦးကိုလည်း သုံးနှစ်ကြာစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့က သေဒဏ်ချမှတ် လိုက်ကြောင်း ထိုင်းရေးရာကျွမ်းကျင်သူ စတီဗင်စန်းယုက ရေးသားထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မိသားစုနှင့်ဆက်နွယ်မှုရှိသည့် အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ်ကို ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က ဘန်ကောက်မြို့တွင် ဖမ်းဆီး လိုက်ခြင်းဖြစ်ပြီး ၎င်းကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅နှစ်မှ သေဒဏ်အထိအပြစ်ပေးနိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြင့် ဒီဇင်ဘာလ ၁၃ ရက် နေ့က စွဲချက်တင်ထားခြင်းဖြစ်သည်။

“ထွန်းမင်းလတ်တို့အုပ်စုကိုလည်း ရဲတွေတင်ထားတဲ့စွဲချက်အတိုင်း တရားရုံးမှလက်ခံအတည်ပြုလိုက်ပြီ ဖြစ်သလို စစ်တပ်ခန့်အထက် လွှတ် တော်အမတ် ဉပကစ်နှင့်ပါ ဆက်နွှယ်မှုရှိကြောင်း ရဲတွေမှာအချက် အလက်အများကြီး ရရှိထားပြီဖြစ်ပါတယ်”ဟု ၎င်းက ရေးသားသည်။

ဦးထွန်းမင်းလတ်နှင့်အတူ ထိုင်းအထက်လွှတ်တော်အမတ်၏ သားမက်ဖြစ်သူမှာလည်း စွဲချက်အတင်ခံ ထားရပြီး စုစုပေါင်း စွဲချက်အတင်ခံရသူရှစ်ဦးတွင် နှစ်ဦးမှာ မြန်မာပြည်ဘက်ထွက်ပြေးလွတ်မြောက်သွား သည့်အတွက် ရုံးတင်တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထွက်ပြေးသွားသည့်အဖွဲ့နှင့်ဆက်နွှယ်သူ ထိုင်းအထက်လွှတ်တော်အမတ်၏ “အကြံပေး”ကိုမူ မူးယစ်ဆေးဝါးနှင့်ငွေကြေးခဝါချမှုတွင် အား ပေးကူညီမှုဖြင့်ဖမ်းဆီးခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှု ဘတ်ငွေသန်း ၅၀၀ ကျော်ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အားလုံးသည် မူးယစ်ဆေးဝါးမှရရှိသောငွေများကို လျှပ်စစ်ဓာတ်အားအရောင်းအဝယ် အကြောင်း ပြပြီး အရွိုင်ဂရု(Allure Group )ထံ တစ်ဦးနှင့်တစ်ဦး အဆင့်ဆင့် လွှဲပြောင်းမှုများဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

“အထက်လွှတ်တော်အမတ် ဉပကစ်နဲ့ မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်တို့ပိုင်တဲ့ အရွိုင်ဂရုကို ငွေတွေ လွှဲပေးနေတဲ့ ဘဏ်စာရင်းပေါင်း ၂၅၀ ရှိကြောင်း၊ အရွိုင်ဂရု (Allure Group )ရဲ့ ငွေလည်ပတ်မှုဟာ ဘတ် သန်းပေါင်း ၁၅၀ ကျော်ရှိကြောင်း” စတီဗင်စန်းယုက ရေးသားထား သည်။

သေဒဏ်ချမှတ်ခံလိုက်ရသည့်ခြောက်ဦးမှာ တစ်ဦးလျှင်ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်ရှိပြီး ဘဏ်စာရင်း တစ်ခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိကာ ၎င်းတို့၏ ငွေများကို တစ်ဦးနှင့်တစ်ဦး အဆင့်ဆင့်လွှဲပြောင်း ကြပြီး နောက်ဆုံးအဆင့်တွင် ဦးထွန်းမင်းလတ်နှင့်ဉပါကစ်ပန်ချာရီယန်ကန်၏ Allure Group ထံ လျှပ်စစ် ဓာတ်အားခဟုဆိုကာ ပြန်လွှဲခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ထိုင်းလွှတ်တော်အမတ် ဉပါကစ်ပန်ချာရီယန်ကန်မှာ Allure ကာစီနိုလုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်ပြီး ယင်းလုပ်ငန်းကို ဦးထွန်းမင်းလတ်နှင့်အတူချုပ်ကိုင်ထားသူဖြစ်ကြောင်း Justice For Myanmar ၏ ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Allure ကာစီနိုလုပ်ငန်းမှာ ဦးထွန်းမင်းလတ် ဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် ထိုင်းကုမ္ပဏီ Allure Group (P&E) ပါသော နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အားဝယ်ယူမှုမှတဆင့် ထိုင်းနိုင်ငံငွေကြေး စနစ် အတွင်းသို့ တရားမဝင်ငွေကြေးများထည့်သွင်းနေသည့် ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကွန်ယက်တစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း Justice For Myanmar ကဖော်ထုတ်ထားသည်။

ထိုင်းလွှတ်တော်အမတ်မှာမူ Allure တွင်ပါဝင်ထားသော ၎င်း၏ရှယ်ယာများကို ဦးထွန်းမင်းလတ်နှင့် အတူ စွဲချက်တင်ခံထားရသည့် ၎င်း၏ သားမက်ထံ ၂၀၁၉ ခုနှစ်က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“တဆင့်ခံလှုပ်ရှားတဲ့ ကြားကလူခြောက်ယောက်ကိုတောင် သေဒါဏ်အထိပေးလိုက်တာကြောင့် ကျန်နေ သေးတဲ့ ထွန်းမင်းလတ်တို့အုပ်စုအ တွက်ကတော့ ပြောစရာမရှိတော့ပြီ။ ဒီအတိုင်းဆိုမြေကြီးကို လက်နဲ့ ရိုက်ရင်တောင် လွဲချင်လွဲသွားနိုင်ပေမယ့် သူတို့အတွက်ကတော့ သေဒဏ်မှလွှဲပြီး တခြားမဖြစ်နိုင်တော့ ပါဘူး။ အားမရမိတာတခုက စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်ဆိုသူကို အရေးယူ အပစ်ပေးနိုင်အောင်ဘယ်သူမှ ဖိအားမပေးနိုင်တာကိုတော့ ယူကျုံးမရဖြစ်မိတယ်” ဟု ထိုင်းရေးရာ ကျွမ်း ကျင်သူစတီဗင်စန်းယုက ရေးသားထား သည်။

စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်ထံမှ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သား ဖြစ်သူ ဦးအောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုအခန်းတစ်ခန်းပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်ဘဏ်စာအုပ်နှစ်အုပ်ကို ထိုင်းရဲများသိမ်း ဆည်း ရမိခဲ့ကြောင်း Justice For Myanmar က ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s