အာရ်ပီဂျီစမ်းသပ်ပစ်ခတ်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်ကျဆုံး


ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေတစ်နေရာတွင် ကျားသစ်နက်စစ်ကြောင်းထုတ်လုပ်ရေးအဖွဲ့မှ လက်လုပ်အာရ်ပီဂျီစမ်းသပ်ပစ် ခတ်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
အာရ်ပီဂျီစမ်းသပ်ပစ်ခတ်စဉ် ပြောင်း၏အနောက်တွင် ရှိနေသည့်အတွက် အစစင်ကာ ရင်ဘက်သို့ထိမှန် ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူကထုတ်လုပ်ရေးကပါ စမ်းသပ်တဲ့နေ့က ပြောင်းရဲ့အနောက်မှာ နေ နေတာ နည်းနည်းတော့ လှမ်းပါ တယ်။ ပြောင်းကနေ နောက်ပြန်ကန်ထွက်တာမှာ သူ့ကိုမှန်သွားတာ။ လည်ပင်းနဲ့ ဘယ်ဘက်ရင်ဘက်ကို ထိသွားတယ်။ ဆေးရုံပို့နေတဲ့ လမ်းမှာပဲကျသွားတယ်”ဟု ကျားသစ်နက်ရဲဘော်တစ်ဦးမှ ပြောသည်။
သေဆုံးသူမှာ ရဲဘော်တင်ဆန်း(ခေါ်)ကိုအောင်ဆန်းဆိုသူဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နိုင် ရေးတိုက်ပွဲအတွင်း ရဲဘော်၏ ပေးအပ်သောတာဝန်များအပေါ် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုများအတွက် မိမိတို့စစ်ကြောင်းအနေဖြင့် ထာဝရအမှတ်ရဂုဏ်ယူနေမည်ဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ mizzima