မြောင်မြို့ပေါ်ရှိ လဝက၊ ကြံ့ဖွတ်နှင့် ရွေးကော် ရုံးတို့ကို MRA တပ်ဖွဲ့က မီးရှို့ ရှင်းလင်းပြီး မြို့နယ် အုပ်ချုပ်ရေးရုံးကို ပစ်ခတ် တိုက် ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ လဝက၊ ကြံ့ဖွတ်နှင့် ရွေးကော် ရုံးတို့ကို မီးရှို့ ရှင်းလင်းပြီး မြို့နယ် အုပ်ချုပ်ရေးရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြောင်မြို့နယ် လဝကရုံးနှင့် ကြံ့ခိုင်ရေးရုံး တို့ကို မီးရှို့ ရှင်းခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့ ည နေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြောင်မြို့အထွေထွေ အုပ်ချုပ်ရေးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)မှ မြို့တွင်းသို့ ဝင်ရောက်ပြီး ထပ်မံ မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။
“အာဏာသိမ်း စစ်ကောင်စီက အာဏာရှင်စနစ် တည်မြဲဖို့အတွက် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ စကစ အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ လူဦးရေ စာရင်း ကောက်ယူခြင်းကို မပူးပေါင်းဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ့် ဘယ်လိုအစီအစဉ်တွေ ဘယ်လိုအထောက်အပံ့တွေ မဆို တားဆီးဟန့်တားသွားမှာ ဖြစ်တယ်” ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit