ရေစကြိုမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ကို မောင်ပိုင်စီး၍ ပျူစောထီးအစည်းအဝေး ပြုလုပ်နေစဉ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ပျူ ၂ ဦး သေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်၊ နေရှင်နယ်လက်ဖက်ရည်ဆိုင်တွင် အ စည်းအဝေးလုပ်နေသော ပျူစောထီးအစည်းအဝေးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ ကြောင်း Myingyan Black Tiger (MBT)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများအပါအဝင် ပျူစောထီး ခေါင်းဆောင် မြင့်ဆွေ(ခ) မောင်မြင့်တို့အဖွဲ့ပူးပေါင်းပြီး အစည်းအဝေးလုပ်နေစဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုင်ကယ်ဖြင့် မောင်းပြန် သေနတ်အသုံးပြုပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်ဖက်ရည်ဆိုင်ထဲမှာက စစ်ခွေးနဲ့ ပျူစောထီးတွေပဲ ရှိတာဗျ။ အင်အားတော့များတယ်၊ အတိအကျ တော့မသိရဘူး၊ ကျည် ၁၈ တောင့်ပစ်ခတ်ခဲ့တယ်၊ အခုတော့ စစ်ခွေးတွေက ရုံးပေါင်းနဲ့ ပစ်ခတ်ခံရတဲ့နေ ရာ တဝိုက်မှာ လိုက်စစ်ဆေးနေတယ်၊ အခုလိုလုပ်ဆောင်ခဲ့ရတာက ပြီးခဲ့တဲ့လတုန်းက MBT လှုပ်ရှား နယ်မြေဖြစ်တဲ့ ပန်းညိုကျေးရွာကို မီးရှို့သွားခဲ့တဲ့အတွက် သွေးကြွေးတောင်းတဲ့ပွဲလေးပါဗျ” ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)အဖွဲ့မှ ဦးဆောင်ကာ The Volue of Youngmen ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ မုံရွာခ ရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ ၊ VOMDY-Fornt Warrior တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအ ခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။khit thit