PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား

ကချင်ပြည်နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းတွင် PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုး သမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ် နိုင် ကို ယနေ့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား ကြောင်း မိုးကောင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် UG Black K မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမော်တပ်နယ်မှ စစ် ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစိုးနိုင်ကို ၎င်း၏ ကားနှင့်အတူ လာ ရောက် သတင်းစုံစမ်းထောက်လှမ်းနေစဉ် ဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ စစ်ဘက်ဆိုင်ရာ အထောက် အထားများ၊ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ PDF ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော အထောက်အထားများ ရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမြန်းစဉ် သေဆုံးသွားကြောင်း သိရှိရသည်။

“သူ့ကို မိတာ ဖားကန့်-မြစ်ကြီးနားလမ်းကြောမှာ ဖမ်းဆီးရမိတယ်။ သူကားနဲ့လာတဲ့အချိန်မှာ ဖမ်းမိတာ။ သူက စစ်ထောက် လှမ်းရေးပါ။ သူ က ဗန်းမော်တပ်က လို့ သိရတယ်။ သူက ကွန်မန်ဒို ထောက်လှမ်းရေးအရာရှိပေါ့။ ကချင် ပြည်နယ်မှာ သူက ထောက်လှမ်းရေး သတင်းစု ဆောင်းတယ်။ သူ့ကို ကိုင်တာက နေပြည်တော်က တိုက်ရိုက် ကွပ်ကဲတယ်။ သူက KIA ၊ KIO PDF တွေရဲ့ လှုပ်ရှားတဲ့သတင်း အရင်းအမြစ်တွေ စုံစမ်းတယ်။ လိုက်တယ်ပေါ့။ သူ မုဒိမ်းကျင့်ထားတာ အမျိုးသမီး ၁ ဦးရှိပါတယ်။ အဲဒီ စစ်ထောက်လှမ်း ရေးဗိုလ်ကြီးက ၂၀၂၁ ခုနှစ်မှာ မန္တလေး ပြန်ဆင်းတဲ့ PDF ၄ ဦးကို ဖမ်းတယ်။ မနှစ်က PDF ၁၇ ဦးကို သူဖမ်းခဲ့တယ်။ အဲဒါကြောင့် သူ့ကို စောင့်ကြည့်ပြီး သူလာတဲ့ လမ်းကြောကနေ တားဆီး ခေါ်ဆောင်ပြီးမှ စောင့်ဖမ်းတာပါ။ သူ့ဖုန်းထဲကနေ သူယူနီဖောင်းနဲ့ရိုက်ထားတဲ့ပုံတွေ၊ သူနဲ့ပတ်သက်တာတွေ အကုန်ရရှိပြီးတော့ မေးမြန်းပါတယ်။ မွန်းလွဲ ၁၂ နာရီ ၁၅ မှာ သူ့ကို ကားနဲ့ အတူ ဖမ်းဆီးတယ်။ မေးမြန်းစစ်ဆေးနေစဉ်မှာ သေဆုံးသွားပါတယ်” ဟု မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s