လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေးချီတက်ဆန္ဒပြ




khit thit
khit thit
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရာရှိတယောက်အပါဝင် ၃ ယောက်သေဆုံးပြီး ၆ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်သံပေးပြီး မျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊တပ်ခွဲ(၄) စကြာဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။
အဲဒီစစ်သားတွေနဲ့ပျူတွေဟာ ဆိုင်ကယ် ၂ စီးကား ၂ စီးအပြင် ခြေလျင်အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့အချိန် တိုက်မိုင်း ၄ လုံး၊ထောင်မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ ဆိုင်ကယ် ၂ စီးတိုက်မိုင်းမိသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ တပ်ကြပ်ကြီးတယောက်နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်း ဆောင်ဝင်းချိန်တို့ ၃ ယောက်သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်စကြာကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊ TYKပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် စစ်ကောင်စီရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ချောင်ဦး လဝကရုံးတို့ကို မဟာမိတ်တပ်တွေက ပစ်ခတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၇ ရက်ည ၉ နာရီက သခင်ဒေါင်းညို၊ ဗိုလ်ဂဠုန်၊ကို စိုင်း(ရိုးမရာဇာ)၊ မုဆိုးလေးအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကာကွယ်အဖွဲ့ခေါင်းဆောင်တွေက ဒီဗွီဘီကို ပြောပါတယ်။
ပုလဲဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဂဠုန်က “မြို့ရဲ့အတွင်းထဲအထိ ဝင်ပစ်ခဲ့တာ။ မြို့ထဲဝင်ဖို့ရာ ကျနော်တို့ ညနေ ၆ နာရီလောက်ကတည်းက အခြေအနေ စောင့်ကြည့်ကင်းထောက်လှမ်းတာတွေ လုပ်ရတယ်။ အခြေအနေပေးပြီဆိုတာနဲ့ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်ဗျ။ ဒီနေ့အတွင်း သတင်းပြန်ကြားရတာက ရဲသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းပြန်ကြားရတယ်။ ကျနော်တို့ဘက်က တော့ အလစ်ဝင်တိုက် ပစ်ဆုတ်ဆုတ်တာကြောင့် ထိခိုက်ဒဏ်ရာရှိသူ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအင်းအားစုတွေက စစ်ကောင်စီစခန်းတွေကို ဇန်နဝါရီလအတွင်း ခပ်စိပ်စိပ် တိုက်ခိုက်စခန်းတွေသိမ်းနေသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာ ရှမ်းနီအမျိုးသားတပ်မတော် SNA ဂိတ်စခန်းကို ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ခန္တီးခရိုင် တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ခန္တီးခရိုင် အမှတ်-၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်း တာဝန်ရှိသူက “ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ HPDF 124, HPDF, HPDF မိုးကြိုး ပူးပေါင်းစစ်ကြောင်းက စစ်ကောင်စီ လက်အောက်ခံ SNA တော်စီပွိုင့်ကုန်းနဲ့ ဂိတ်စခန်းတွေအားလုံးကို တိုက် ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာ ဆုတ်ခွာခဲ့တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ ရွှေတွင်းကျေးရွာက SNA ဂိတ်စခန်းကို PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဒေသခံတစ်ဦးက “စစ်ကောင်စီလက်အောက်ခံ ပန်ချယ်စိုက်ကွင်းစခန်းနဲ့ ရွှေတွင်းရွာက SNA စစ်ဆေးရေးဂိတ်စခန်းကို ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စခန်းသိမ်း မီးရှို့ဖျက်ဆီးလိုက်ကြတယ် ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဆိုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ စစ်သည်တွေသေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။DVB
စစ်ကိုင်းတိုင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် ခမရ(၃၆၁)၊ ဖောင်းပြင်မြို့အခြေ စိုက် ခမရ (၃၅၈)နှင့် ဟုမ္မလင်းမြို့အ ခြေစိုက် ခမရ(၃၆၉)တို့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
စုဆောင်းစစ်ဆေးထားသည့် အချက်အလက်များအနက် ထိုတပ်ရင်းသုံးခု၏ ကျူးလွန်မှုများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလအတွင်း ပိုမိုဆိုးရွာလာသည်ကိုတွေ့ရှိရသဖြင့် အစီရင်ခံစာ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း NUG က ပြောထားသည်။
ယင်းကာလအတွင်း သတ်ဖြတ်ခံရသူများမှာ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး အသက် ၆၀ နှစ်အထက် အဘိုးအိုတစ်ဦးနှင့် အဘွားအိုနှစ်ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်နှင့် ရေဦးမြို့နယ်ရှိ ရွာပေါင်း ၄၀ ကျော် မီးရှို့ခံရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
အစီရင်ခံစာတွင် ဆက်သွယ်မှုအခက်အခဲကြောင့် အတည်ပြုနိုင်သော အထောက်အထားများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး အမှန်တကယ်ကျူးလွန်သောရာဇဝတ်မှုများမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း လည်း ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာပါ အချက်အလက်များကို ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာယန္တရား အသီးသီး ထ ပေးပို့ဖြန့်ဝေသွားဖြစ်ပြီး ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိစေရေး နည်းမျိုးစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုထားသည်။
အာဏာသိမ်းကာလအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း နေအိမ်ပေါင်း ၄၈,၀၀၀ ကျော် ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၃၆,၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း Data for Myanmarက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။mizzima
ရန်ကုန်မှာ အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၂၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး ၃ ယောက်အပါ အဝင် ၇ ယောက်သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အတွင်း လှိုင်သာယာ၊ သာကေတ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ တွံတေးမြို့နယ်နဲ့ အမြန်လမ်းမှာ ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“လက်ရှိတာဝန်ထမ်းနေတဲ့ ဗိုလ်မှူးတစ်ဦးရယ်၊ အငြိမ်းစား ဗိုလ်မှူးနှစ်ဦးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦးရယ်၊ ဗိုလ်မှူးရဲ့မိန်းမရယ်၊ ရဲသတင်းပေးတစ်ဦးရယ် သေတယ် သုံးဦးဒဏ်ရာရတယ်။”
ဒါ့အပြင် သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်၊ မှော်ဘီ၊ သုံးခွ ၊ ဒဂုံဆိပ်ကမ်း၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ လဝကရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှု ၂၁ ကြိမ်ဖြစ်ခဲ့ပါတယ်။
“အခုကာလမှာ အဓိကပစ်မှတ်ထား တိုက်ခိုက်ခံရတာ လဝကရုံးနဲ့ ရပ်ကွက်ရုံးတွေ၊ ရဲစခန်းတွေပဲ ဒီလ ဗုံးပေါက်တာ ၇ ဦးဒဏ်ရာရတယ် စစ်သားတွေနဲ့ အုပ်ချုပ်ရေးကလူတွေချည်းပဲ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အလားတူ စစ်ကောင်စီဘက်ကလည်း သာကေတ၊ တာမွေ၊ စမ်းချောင်း၊ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာတို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း တနှစ်လုံးမှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု စုစုပေါင်း ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ကာ ၃၆၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ DVB
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရှင်မတောင် တောင်ပေါ် မှ ထော်လာဂျီဖြင့်ဆင်းလာသည့် စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၆ ဦး သေဆုံးသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့တွေ တောင်ပေါ်ကဆင်းမှာကိုသတင်းရလို့ ကျနော်တို့ရဲဘော်တွေစောင့်ပြီး လက်နက်ကြီးလက် နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ၊ အဲဒီလိုတိုက်ခိုက်မှုကြောင့် သူတို့ဘက်က ခြောက်ကောင် နေရာမှာတင် ပြုတ်တယ်၊ အဲဒါမျက်မြင်ပဲ” ဟုပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး နောက်မှ ခြေလျင်စစ်ကြောင်း တစ်ခုကလည်း ပစ်ခတ်ဝင်ရောက် လာသည့်အတွက်ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထိခိုက်မှုမရှိကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ရှင်မတောင်ပေါ်ရှိဘုန်းကြီးကျောင်းတွင်ခြေကုပ်ယူထားပြီး ရံဖန်ရံခါသာ တောင် အောက်ကို ဆင်းလာတတ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ရွေးကောက်ပွဲကျင်းပနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေပြီး မြို့ပေါ်နေရာများတွင် စစ်အင်အားဖြည့်တင်းပြီး လုံခြုံရေးများ ပိုမိုတင်းကျပ်ထားကြောင်း ဆိုသည်။
“သူတို့က ရွေးကောက်ပွဲကိုပဲ အာရုံစိုက်နေတယ်။ မြို့ပေါ်တွေမှာပဲ ခြေကုပ်ယူပြီး အင်အားဖြည့်ထား တယ်။ ကျနော်တို့ကလည်း အဲ့ဒီရွေး ကောက်ပွဲလုပ်မယ့်ကိစ္စကိုပဲ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမယ်”ဟု ရေစကြို ပကဖ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည့် စစ်ကောင်စီကပြုလုပ်မည့်ရွေးကောက်ပွဲကို ကန့် ကွက်သည့်အနေဖြင့် ရေစကြိုမြို့နယ် လ၀က ရုံးနှင့် စာရွက်စာတမ်းများကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။mizzima
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း – ၃၆၈ နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ဒုတိယအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၃ လုံးပြာကျကာ အနီးအနားရှိ ကျေးရွာ ၁၂ ရွာက ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူ မြို့နယ် အစပ်ရှိ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျည်းကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ပြည်သူတွေကတော့ စစ်ကြောင်း ထွက်လာကတည်းက အကုန်ကြိုရှောင်နေကြတော့တာပါ။ ရွာထဲ မနေရဲကြတော့တာ အဲဒီ အကြမ်းဖက် စစ်ကြောင်းက ကျွန်းလှမြို့နယ်ထဲက ကံပေါက်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲပြီး ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အတွင်းကို လှည့်လည်စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ khit thit
မကွေးတိုင်း ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ဇန်နဝါရီ ၂၈ ရက် တရက်တည်း စစ်ကောင်စီ စစ်ကြောင်းတချို့ တိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက ရှင်မတောင် တောင်ပေါ်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီးနဲ့ ခြေလျင်တပ်ဖွဲ့တွေကို ထန်တိုရွာနဲ့ ဘောင်ဘဲ့ရွာကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ရာမှာ ထော်လာဂျီပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း(၉)၊ မြိုင် ပ.က.ဖ တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျား တပ်ဖွဲ့၊ သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ပြေးဆိုင်ကယ် ၂ စီးနဲ့ အနောက်ကနေ လက်နက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး ဆင်းလာတဲ့ စစ်ကောင်စီ တပ်သားတွေကိုတော့ တိုက်ခိုက်တာတွေ မလုပ်တော့ဘဲ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မနက် ၅ နာရီလောက်မှာလည်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကံသစ်ရွာ အခြေပြု စစ်ကြောင်းကို ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၈ လုံး ဖြုတ်ချတိုက်ခိုက်ရာမှာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီစစ်ကြောင်းကို ကံသစ်ရွာက ထွက်လာချိန် မနက် ၈ နာရီလောက်မှာလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဖောကား ၄ စီးနဲ့ လာတဲ့ စစ်ကြောင်းကို လာကြိုတဲ့ ဖလံကိုင်းရဲစခန်းက စစ်သားနဲ့ ရဲ အယောက် ၂၀ လောက်ကို မနေ့ညနေပိုင်းက ကျောက်တိုင်ခင်လမ်းခွဲ ဇရပ်နားမှာ စောင့်နေတဲ့ချိန် ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်က နောက်ထပ် ၃ ယောက်ဒဏ်ရာရရှိပြီး ညနေ ၄ နာရီ မိနစ် ၄၀ မှာ ဖလံကိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ အခြေပြု တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။ DVB
khit thit
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ရွာကျေးမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားကြောင်း Chindwin Brother PDF က ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ဘုတလင်မြို့နယ်၊ ပိုးကုန်းဇရပ်အနီးတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ကံသစ်ရွာမှ နမခသို့ မုံရွာ-ဘုတလင်လမ်းအတိုင်းပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့က လွန်ခဲ့တဲ့လေးလလောက်ကတည်းက မိုင်းကွင်းခင်းပြီးစောင့်နေတာ။ အခါအခွင်မသင့် တော့ မနေ့ ဇန်နဝါရီ ၂၇ ရက်က ပိုးကုန်းဇရပ်နားမှာ မိုင်းထပ်ခင်းနေတုန်း စခ(စစ်ကောင်စီ) တပ်သား တွေနဲ့တည့်တည့်တိုးတာ” ဟု Chindwin Brother PDF တာဝန်ရှိသူတစ်ဦးမှပြောသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အင်အား ၆၀ ခန့်ပါသော စစ်ကြောင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားပြီး အလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းတွင် ချက်ခြင်းမြေမြှုပ် သင်္ဂြိုလ်လိုက်ကြောင်းဆိုသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ချိန်တွင် Anonymous Hero အဖွဲ့မှ ဒရုန်းဖြင့် တိုက်ပွဲမှတ်တမ်းယူခြင်း၊ ကျောင်း သားတပ်ဖွဲ့မှ လက်နက်ငယ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လက်နက် ကြီးများဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းကွင်းကို လွန်ခဲ့သည့်လေးလခန့်က Chindwin Brother PDF နှင့် ချိုမိုင်မိုင်တပ်ဖွဲ့၊ Anonymous Hero တပ်ဖွဲ့တို့ မှ မုံရွာ – ဘုတလင်လမ်းပိုင်း ဇီးတောနှင့် ထနောင်းကုန်းကြားတွင် မိုင်း ၁၀ လုံးခင်းထားခဲ့ပြီး မိုင်းဆွဲရန် အချိန်ကာလကြာမြင့်စွာစောင့်ဆိုင်ခဲ့သော်လည်း အ ကြောင်းမတိုက်ဆိုင်ခဲ့၍ ယခုမှ ဆွဲခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများသယ်ယူလာသည့် ရေယာဉ်များကို မြစ်ကမ်းတစ်နေရာမှ အဆင့်မြင့် ရှေ့ထွက် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။mizzima
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာသို့ စစ်တပ်က လက် နက် ကြီး ၁၂၀ မမဖြင့် ပစ်ခတ်ရာတွင် အသက် ၁၂ နှစ်အရွယ် မမိထော် ထိမှန် သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူမှာ စိတ်ဖောက်ပြန်သွားကြောင်း ဒေသ ပြည်သူ များထံမှ သိရှိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကသာမြို့နယ်၊ ကျောက်ထုံး ကြီး ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက် ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ မှန်၍ အသက် ၁၂ နှစ်အရွယ် မမိထော် သေဆုံးပြီး အသက် ၁၃ နှစ် အရွယ် မောင်ထော်ကြီး ဒဏ်ရာရရှိကြောင်း၊ မိခင်ဖြစ်သူမှာ သမီးဖြစ်သူ သေဆုံးမှုကို မြင်တွေ့ရပြီး စိတ်ဖောက်ပြန်သွားကြောင်း သိရှိရသည်။
“ပစ်တာက ကသာမြို့အနီးက အောင်မြေသာစည်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ ပစ်လိုက်တာ။ လက်နက်ကြီး အရေအတွက်က ၉လုံးပစ်တာမှာ ၈ လုံး က ရွာအပြင်ကျတယ်။ လက်နက်ကြီး ၁ လုံးကတော့ ရွာ အလယ်ခေါင် ကျတာ။ အသက် ၁၂နှစ်အရွယ် ကလေးမလေး ကျည်ထိမှန်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်ကလေး ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည် သူတစ်ဦးက ပြောသည်။
ကျောက်ထုံးကြီးကျေးရွာ နေအိမ်တွင် ရှိနေသော ဦးဆန်းလင်းနှင့်ဒေါ်မျိုး တို့၏ သမီးငယ် မမိထော၏ ဦးခေါင်းကို စစ်တပ်က ပစ်ခတ်လိုက်သော လက်နက် ကြီး ထိမှန် ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ ဒေါ်မျိုးမှာ စိတ်ဖောက် ပြန်နေကြောင်း သိရှိရသည်။
“သမီးလေး သူတို့ရှေ့မှာပဲ ဆုံးသွားတာ မြင်တော့ အမေက စိတ်တွေပုံမှန် မဖြစ် တော့ဘူး ။ အငယ်ဆုံး သမီးလေး သေသွားတာဆိုတော့ မိခင်က စိတ်မနှံ့ သလို ဖြစ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသူတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။ khit thit