မြိုင်၊ ရေစကြို၊ နတ်တလင်း၊ ညောင်လေးပင်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ် နှင့် ပဲခူတိုင်း၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပြောသည်။

မြိုင်တွင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး

========================================

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်(ပျူ)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို သေနတ်သံ ပေးမြှူဆွယ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ် တပ် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် စစ် တပ်ခန့် ကျေးရွာအုပ်ချုပ်ရေး မှူး ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက သေနတ်သံကြားသည့်နေရာသို့ ကား တစ် စီး၊ ဆိုင်ကယ် နှစ်စီး နှင့် ခြေလျင်နောက်လိုက်ပါ စစ်သား၊ပျူစောထီး အင် အား ၃၀ ကျော်ဖြင့် သေနတ်များ ပစ်ခတ်ပြီး ဆဲဆို ထွက်ခွာလာစဉ် တိုက်မိုင်း ၄ လုံး မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းဆင်ပြီးမှ သေနတ်သံပေးမြှူဆွယ်ပြီး တိုက်ခဲ့တာပါ၊ စစ်တပ်ခန့် အုပ်ကြီး ဝင်းရှိန်၊ စစ်ခွေး ဗိုလ်ကြီး တစ်ကောင်၊ ခွေးတပ်ကြပ်ကြီး တစ်ဦး ၃ ယောက် သေတယ်၊ ၆ ယောက်လောက်ဒဏ်ရတယ်၊ သေဆုံးထိ ခိုက်တဲ့သတင်း ကတော့ အတိအကျပဲ၊ ဘယ်လိုသဂြိုလ်ဖို့လုပ်နေကြလဲတော့ မသိရသေးဘူး” ဟု ပြည် သူ့ အားမာန်ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF ၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန် တိုင်းတပ်ဖွဲ့ ၊ စကြာ် ကာကွယ်ရေးတပ်ဖွဲ့ မြိုင် ပ.က.ဖ တပ်ခွဲ ၄ တို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုတွင်တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

=======================================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာတွင်တပ်စွဲ ထား သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အလစ် အငိုက် ဝင်ရောက် တိုက် ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၇ ရက် ည ၈ နာရီခန့်က အကြမ်းဖက်စစ်သားပျူစောထီးအင်အား အများအပြားဖြင့် တပ်စွဲ ထားသည့် မင်းရွာ(ပျူစောထီး)စခန်းကို ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စက်ကလေး သေနတ်သမားအပါအဝင် အများအပြား ထိခိုက် သေ ဆုံးနိုင်ပြီး မင်းရွာတကြော ဧရာဝတီမြစ်ပြင်အတွင်း တပ်စွဲထားသော စစ်သင်္ဘာ ပေါ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့သဖြင့် ပြန်လည် ဆုတ်ခွာ ခဲ့ရ ကြောင်း သိရသည်။

“စစ်ခွေးတွေ ဘယ်လောက်သေတယ်ဆိုတာ စုံစမ်းလို့ မရဖူး၊ တစ်ရွာလုံးက ပျူတွေ ကြီးပဲ၊ ရွာဝန်းကျင် တောင် ဘယ်သူမှ မသွားရဲဘူး၊ သေချာတာကတော့ စက်ကလေးသမားပြုတ်တယ်၊ လက်နက်ကြီး ၄ လုံးနဲ့ ထုတာ၊ စက်ကလေး သမား ပြန်မပစ်နိုင်တော့ဘူး၊ အဲဒီအချိန်ပစ်အားလျော့သွားတဲ့အချိန် သင်္ဘော ပေါ်က ပစ်ကူပေးခဲ့တာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) ၊ Royal Eagle People Defense Force ၊ Ye Baw Gyi PDF ၊ ဗိုလ် ၆၀ ပြောက် ကျား တပ်ဖွဲ့၊ The Volue of Young Men ၊ ချောင်းဦး (ပလဖ) ၊ VOMDY – Front Warrior ၊ မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ စသည့် ညီနောင် မဟာမိတ် များပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်လေးပင် ၊ ခမရ ၂၆၄ တပ်အတွင်းသို့ 79 မမဗုံးသီးဖြင့် ပစ်ခတ် တိုက် ခိုက်

=====================================

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြိုနယ် ပိန်းဇလုတ်မြိုအခြေစိုက် အကြမ်း ဖက်‌ စစ်ကောင်စီ၏ ခမရ ၂၆၄ တပ်အတွင်းသို့ 79 မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်က အဆိုပါတပ်အတွင်းသို့ နန်းထိုက် အောင် စစ်ဆင်ရေး အဖြစ် 79 မမ ဗုံးသီးတစ်လုံးဖြင့် ပစ် ခတ် တိုက် ခိုက်ခဲ့ရာ တပ်စခန်းဝင်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ကြောင်း၊ ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံး မှုအခြေအနေကို စုံ စမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်လေးပင်မြိုနယ် ပကဖ နှင့် ကျောက်တံခါးမြိုနယ် ပကဖ တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့‌ ကြောင်း သိရသည်။

လွန်ခဲ့သော ဇန်နဝါရီ(၁၀)ရက် ၎င်း ခမရ ၂၆၄ တပ်အတွင်းသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များမှ M 79 ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်သား ၁ ဦး သေဆုံးကာ အဆောက်အဦ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ ကြောင်း သိရသည်။

နတ်တလင်းတွင် စက်လှေ ၃ စီးဖြင့် တက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

=========================================

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြိုနယ်၊ ဘိုကြီးစခန်းကျေးရွာသို့ အင်အားဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်လှေ ၃ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ဆက်လက်ဆန်တက် သွား ခြင်းမရှိဘဲ ပြန်ဆုတ် ပြေးသွား ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်က မန်ကျည်းပင် စက်လှေ ဂိတ်မှ တောင်ညိုဆည် အ တွင်း ရေလမ်းကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စက်လှေ (၃)စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ယင်း အကြမ်း ဖက်စစ်သားများမှ စစ်ဆင်ရေးပြုလုပ်သည့်နေရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ပြန်လည်ဆုတ်ပြေးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ ပူး ပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s