ရန်ကုန်တွင် တလအတွင်း ပစ်ခတ်ဗုံးကွဲမှု ၂၉ ကြိမ်ဖြစ်ပြီး ဗိုလ်မှူး ၃ ဦးအပါအဝင် ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရန်ကုန်မှာ အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၂၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က   ဗိုလ်မှူး ၃ ယောက်အပါ အဝင် ၇ ယောက်သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အတွင်း လှိုင်သာယာ၊ သာကေတ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ တွံတေးမြို့နယ်နဲ့ အမြန်လမ်းမှာ ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“လက်ရှိတာဝန်ထမ်းနေတဲ့ ဗိုလ်မှူးတစ်ဦးရယ်၊ အငြိမ်းစား ဗိုလ်မှူးနှစ်ဦးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦးရယ်၊ ဗိုလ်မှူးရဲ့မိန်းမရယ်၊ ရဲသတင်းပေးတစ်ဦးရယ် သေတယ် သုံးဦးဒဏ်ရာရတယ်။”

ဒါ့အပြင် သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်၊ မှော်ဘီ၊ သုံးခွ ၊ ဒဂုံဆိပ်ကမ်း၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ လဝကရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှု ၂၁ ကြိမ်ဖြစ်ခဲ့ပါတယ်။

“အခုကာလမှာ အဓိကပစ်မှတ်ထား တိုက်ခိုက်ခံရတာ လဝကရုံးနဲ့ ရပ်ကွက်ရုံးတွေ၊ ရဲစခန်းတွေပဲ ဒီလ ဗုံးပေါက်တာ ၇ ဦးဒဏ်ရာရတယ် စစ်သားတွေနဲ့ အုပ်ချုပ်ရေးကလူတွေချည်းပဲ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီဘက်ကလည်း သာကေတ၊ တာမွေ၊ စမ်းချောင်း၊ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာတို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တနှစ်လုံးမှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု စုစုပေါင်း ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ကာ  ၃၆၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s