လိပ်သိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Northern Thandaung Defence Force (Special Region) တပ်ဖွဲ့ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်၊ မိအိကြီးရွာသစ် ကုန်း ကျေးရွာသို့ အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ရေနီလေ့ကျင့် ၅ တပ်နှင့် နေပြည်တော်တပ်ပေါင်းစု အကြမ်းဖက်တပ်သားများကို Northern Thandaung Defence Force (Special Region) တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးခဲ့ပြီးနောက် မိအိကြီးရွာ သစ် ကုန်းကျေးရွာမြောက်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့လည်ပိုင်းတွင် လိပ်သိုလ် မြို့ နယ်၊ ဆိတ်ဖူးကုန်း(စုစည်း)ကျေးရွာအနီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား(၄) ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း၊ ယင်း အထိနာနေသော စစ်ကြောင်းကို စစ်ကူပေးရန် လာရောက်သည့် စစ်ကောင်စီ တပ်များ ကိုလည်း သတင်းလက်ဦးမှုကို ရယူ၍ နေပြည်တော်ကောင်စီ နှင့် ကရင်ပြည်နယ် နယ်စပ် ကြားဖြစ် သော သစ်ကြိမ်းကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ Northern Thandaung Defence Force (Special Region ) မှ ရဲဘော် (၁)ဦး ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ သံတောင် မြောက်ပိုင်းတွင် စစ်ရေးများတင်းမာနေပြီး အချိန်ထိုးစစ်ဆင်လာမည့် အကြမ်း ဖက်စစ်သားများကို ခုခံ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများလိုအပ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ထောက်ပို့ကူညီ ပေးကြပါရန်မေတ္တာရပ်ခံပါကြောင်း Northern Thandaung Defence Force (Special Region ) ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Palaw -KPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၈၀ ခန့်ပါဝင်သည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Palaw -KPDF တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့မှ တိုက်မိုင်းများ​​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်သား ၄ ဦး ခန့်သေဆုံးပြီး ၆ ဦး ခန့် ထိခိုက် ဒဏ်ရာရရှိပြီး ပလမြို့ဘက်သို့ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များ နယ် မြေ ရှင်းလင်းစဥ် အကြမ်းဖက် စစ်တပ်၏ အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Palaw-KPDF က ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s